Kachinlay
စိတ္တဇခရီးသည်
04/26/2025 10:13am (UTC)
စိတ္တဇခရီးသည်
လူတစ်ယောက်မှာအိပ်မက်ကိုယ်စီရှိစမြဲမို့ ကိုယ့်အိပ်မက်ကို ကိုယ်စီမံပိုင်ခွင့်အပြည့်အ၀ရှိတယ်လို့ “ဧကရီ“တော့ယုံကြည်တယ် ဒါပေမဲ့ အဲဒီ အိပ်မက်ကို မနှိုးတမ်း တွယ်ကပ်နေမယ့် လူကတော့ အသက်သွင်းလို့ရမှာပါ နှိုးတ၀က်အိပ်မက်ဆိုရင်တော့ အဲဒီအိမ်မက်ကို အကောင်ထည်ဖော်ဖို့ဆိုဒါ ၀ိုးတ၀ါးနဲ့ပါ အဲဒီဝိုးတ၀ါးအိပ်မက်ထဲကနေပဲ မသေချာမှုတွေ၊ ယုံကြည်ချက်တွေယိုင်နဲ့နေတဲ့ မရေရာတဲ့ မနက်ဖြန် ပေါင်း များစွာထဲက အိပ်မက်တခုအတွက် “ဧကရီမိုး“ ဆိုတဲ့သာမန် မိန်းကလေး တစ်ယောက်ဘ၀ကို ပိုင်ဆိုင်ခွင့်မရှိတဲ့ စိတ္တဇခရီးသည်အတွက် ဘယ်လိုများဖြတ်သန်းခရီးနှင်ရအုံးမလဲဆိုဒါကတော့ ............
“ဧကရီ“ တို့ရဲ့မောင်နှမ၀မ်းကွဲတွေက များလိုက်တဲ့ဖြစ်ခြင်း အဘွားနဲ့အဖိုးကတော့ မျက်စိနောက်လည်းနောက်စရာပေါ့၊ ၁၆ယောက်ဆိုဒါ နည်းလားနော် အဲမှာ မနက်မိုးလင်းဒါနဲ့ ခြံကြီးထဲကနေကိုအသံတွေပွက်လောကိုရိုက်နေဒါ ၊ ပတ်ဝန်းကျင်ဆိုဒါလည်း မရှိဘူး ကလေးဘ၀မှာ အဲဒါကောင်းတယ် အပူအပင်လည်းမရှိတော့ ဘာမှဂရုစိုက်စရာမလိုဘူး၊ ကြားလည်းမကြားရပါဘူး ခြံကြီးကအရမ်းကျယ်တော့ ဘယ်သူ့ကိုမှ အနှောင့်အယှက်မဖြစ်ဘူးလေ အဲတစ်ခုတော့ရှိဒါပေါ့နော် အဘွားနဲ့အဖိုးစိတ်ညစ်တဲ့အချိန်လေးတော့ရှိတယ် အဲဒါ ”ဧကရီ“ တို့မောင်နှတွေ အိမ်ထဲထမင်းဝင်စားတဲ့အချိန်လေးပေါ့ ထမင်းစားခန်းထဲမှာတော့ “လက်ပံပင် ဇရပ်ကျ“ ဆိုသလိုပေါ့ ပျော်လည်းပျော်စရာကောင်းပါတယ်လေ များလိုက်တဲ့ညီအစ်ကိုမောင်နှမတွေ ထမင်းကျွေးရတဲ့ အဘွားတော့မသက်သာဘူး ”ဧကရီ“ တို့မိဘတွေတော့ သက်သာတယ် ကလေးလည်းမထိန်းရဘူးလေ မိုးလင်းပြီဆိုဒါနဲ့ အဘွားတို့အိမ်ပဲပြေးပြီ မိုးမြန်မြန်လင်းဖို့ကို ဆုတွေတောင်းနေဒါ သွားချင်လွန်းလို့လေ တခါတလေ ဆို “ဧကရီ“ အိမ်တောင်မပြန်ဖြစ်ဘူး အဘွားနဲ့ပဲ အိပ်လိုက်ဒါ.........
ဘယ်လောက်တောင်ဆိုးသလဲဆို အဘွားကို မုန့်တွေပဲ ၀ယ်ဝယ်ကျွေးခိုင်းကြဒါလေ မောင်နှမတွေက အဘွားပိုက်ပိုက် ရှိမရှိ မသိ မိုးလင်းပြီဆို ခေါက်ဆွဲစားရမှ နေ့လည်ဆို အိမ်ရှေ့က ၀က်သားတုတ်ထိုးစားရမှ ကျေနပ်နိုင်တဲ့ “ဧကရီ“ တို့ကလေးဆိုးကြီးဘ၀ပေါ့ ဒါပေမဲ့ ”ဧကရီ“ ကိုတော့ အဘွားက အချစ်ဆုံးပဲ တုန်နေအောင်ကို ချစ်ဒါ ဘာလို့လဲဆိုတော့............
အဘွား။ ။ ဟဲ့သမီး မင်းသမီးကိုလည်းနဲနဲပါးပါးကြည့်ပါအုံး ကလေးကဘာလိုသလဲဆိုဒါ ခုမင်း သမီးကဖျားနေဒါ ကိုယ်တွေချစ်ချစ်တောက် ပူနေဒါ ဘာဆေးတိုက်ရမလဲ ငါ့တို့လည်းမသိဘူး၊ နင့်သမီးက ငါတို့ဆေးနဲ့တည့်လားမတည့်လားလည်းမသိဘူး လာခေါ်အုံးဟ နင့်သမီးကို
အမေ။ ။ ဟုတ်ကဲ့အမေ သမီးလာခေါ်လိုက်မယ်....
ဧကရီ။ ။ ဒီနေ့နေလို့မကောင်းဘူး ဆော့ဖို့လည်း အားမရှိတော့ ညီမတွေကိုပဲထိုင်ကြည့်နေရဒါ ဘာမှလည်းစားချင်သောက်ချင်စိတ်လည်းမရှိဘူး ဒါဧကရီ အမြဲတမ်းဖြစ်နေကျမို့ ကိုယ့်အတွက်တော့မထူးဆန်းပေမဲ့ အဘွားပေါ့ စိတ်ပူပေးဒါ ဟိုနားမသွားနဲ့ ဒီနားမသွားနဲ့ဆိုပြီး လိုက်လိုက်အော်နေတယ် သူ့နားမှာပဲနေခိုင်းပြီးဘုရားစာတွေရွတ်ပေါ့ ပျင်းလာရင် အိပ်ခိုင်းတယ် လူကအိပ်ယာထဲရောက်နေပေမဲ့ စိတ်က ခြံထဲမှာကစားနေဒါ အင်း.... ဒီချိန်ဆို ငါလည်းသူတို့နဲ့ တူတူပုန်းတမ်း ကစားနေမယ့်အချိန် ဒီချိန်ဆို ငါသီချင်းဆိုတဲ့အလှည့်ပဲ ဒီချိန်လေးတော့ဖြင့် ငါတို့အိမ်ဆောက်တန်းကစားတဲ့အချိန် အိုးပိုးခွက်ကစားတဲ့ချိန် စတဲ့ တစ်ယောက်တည်းအတွေးဝင်္ကမ္ဘာ ထဲမျှောလွှင့်ရင်း အိပ်ရာထဲမှာ တစ်ယောက်တည်းအထီးကျန်နေရင်းပေါ့.............
မေမေ။ ။ ဟဲ့သမီး ဖျားနေတယ်ဆို ဘာလို့အိမ်မပြန်ဒါလည်း သမီးရယ် လာလာ မေမေတို့ပြန်ကြရအောင် နေကောင်းမှပဲ ပြန်လာဆော့ ဟုတ်လား သမီးကိုသူတို့စောင့်နေမှာပါ အခုအိမ်ပြန်ဆေးသောက်ပြီးတော့ နားလိုက်အုံးနော် သမီး လာလာ...
ဆိုပြီးတော့ အမေလာခေါ်မှာပဲ အတွေးစကိုဖြတ်တောက်ရင်း
ဧကရီမိုး။ ။ မေမေ သမီးကိုလာခေါ်သလားဟင် သမီးအရမ်းမောတယ်မေမေ ခုမထချင်သေးဘူး
မေမေ။ ။ သမီးကို မေမေချီမှာပေါ့ သမီးရဲ့လာ ထရအောင်သမီး ဖေဖေလည်းပါတယ် သမီးကိုလာကြိုဒါလေ
ဒီလိုနဲ့ အမေနဲ့ပါသွားခဲ့ရတယ် ကားထဲရောက်တော့ မျက်လုံးတွေကေ၀၀ါးနေတယ် ဘာမှလည်းမမြင်တော့ဘူး အမြင်အာရုံတစ်လုံး ပိန်းပိတ်နေတယ် မျက်လုံးကိုမဖွင့်ချင်တော့လောက်အောင် ဧကရီ အရမ်းပင်ပန်းနေတယ် ညကလည်း ကောင်းကောင်းအိပ်မပျော်ဘူး အတွေးထဲမှာ အရိပ်မဲမဲနဲ့ အကောင်တစ်ခု ကြီးလာလိုက် ငယ်သွားလိုက်နဲ့ ဘာကြီးမှန်းကိုမသိတဲ့ အရာတစ်ခုပဲ တစ်ညလုံး စိုးမိုးနေတယ်
ဖေဖေ။ ။ ဟဟ ငါ့သမီးကတော့ စံပဲ ဒီလောက်နေမကောင်းဖြစ်ဒါတောင် အဆော့မက်နေတယ်ဟုတ်လား အိမ်မှာလည်းဆော့လို့ရပါတယ် သမီးရယ် ဖေဖေနဲ့မေမေတို့ရှိဒါပဲ သမီးမောင်လေးအငယ်လေးလည်း ရှိတယ် သူနဲ့ဆော့လေ နောက်နေမကောင်းဘူးထင်ရင် အိမ်ကို ပြန်လာခဲ့နော်သမီး ပေပြီးတော့ မနေနဲ့ ဟုတ်လား ...
အဖေက ပြောပြောဆိုဆို ဧကရီနဖူးလေးကို လက်နဲ့စမ်းကြည့်တယ် အဖေအသံကိုကြားရတယ် ဒါပေမဲ့ အာရုံတွေကအရမ်းကို နှောင့်နေပြီ ဘာမှလည်း မမြင်ချင် မကြားချင်တော့လောက်အောင်ကို ခေါင်းတွေမူးလာတယ် ဟော်ပြောရင်းပဲ နှခေါင်းထဲကသွေးစက်တွေထွက်လာပြီ ဒါနဲ့ခေါင်းကို မေ့ထားလိုက်တယ် အဖေကိုလည်း ဘာမှပြန်မထူးနိုင်တော့ဘူး....................
မေမေ။ ။ အဖေကြီးရေ လုပ်ပါအုံး သမီးလေး ဖြစ်ပြန်ပြီ လုပ်လုပ် မျက်နှာသုတ်ပါဝါယူပေး
အမေက ဧကရီကို အဖေဆီလှမ်းပေးလိုက်တယ် အဖေကလည်း ပွေ့ပြီး ဧကရီကို ခေါင်းမော့ခိုင်းထားပြီ မျက်နှာသုတ်ပ၀ါနဲ့ မျက်နှာကိုသုတ်လိုက် နှာခေါင်းကို ညစ်ပေးထားလိုက်နဲ့ အဖေနဲ့အမေ တော်တော်လေးကို ပျာယာခတ်သွားတယ် ဧကရီကြောင့်ပေါ့ ဒီလိုအဖြစ်မျိုး နောက်နှစ်ခါလောက် ဧကရီ ရင်ဆိုင်ရအုံးမှာလဲဆိုဒါကိုတော့ ကံကြမ္မာရဲ့ကြီးစိုးမှုပေါ်မှာ မူတည်နေတယ်..............
ဖေဖေ။ ။ မေကြီးရေ အိပ်ယာလိပ်တွေပြင်ထားတော့ဟေ့ ထုံးစံတိုင်းပေါ့ သွားရအုံးမယ်
အဖေကတော့ အထာနပ်နေပြီ ဧကရီ တစ်ခါဖြစ်ရင် ဆေးရုံကို တစ်ခါပြေးရပြီဆိုဒါ အဲဒါကြောင့် အမေ့ကို အိပ်ယာလိပ်တွေပြင်ခိုင်းပြီး သွားမယ်လို့ပြောနေဒါ ဧကရီလည်း နောက်တစ်ခါ ထပ်သွင်းရအုံးမယ် အဲဒီသွေးကို နောက်တစ်ခါထပ်ရှုရအုံးမယ် စူးစူးဝါးဝါး အနံ့တွေကို ပိုးသတ်ဆေးလို့တော့ပြောဒါပဲ ဆေးရုံမှာ မခံနိုင်ဆုံးအနံ့ ကိုခံရအုံးမယ် အဲဒါကြောင့်လည်း ဧကရီက အိမ်ကိုမပြန်ချင်ပဲ အဘွားဆီမှာပဲနေချင်တယ် သင်းပျံ့တဲ့ သဘာဝမြေသင်းနံ့လေးကို ရှုရှိုက်ရင်းနဲ့ ခြံထဲက ငုဝါပန်းပင်ကြီးအောက်မှာ ထိုင်ပြီး ဆော့နေတဲ့ ညီအစ်မတွေကို ငေးမောရင်းနဲ့ မောပန်းသမျှကို ဖြေဖျောက်ပစ်ချင်တယ် ဒါပေမဲ့လည်းလေ အဲဒီသွေးကိုမှမသွင်းရသေးရင် မျက်လုံးတွေလည်းမဖွင့်ချင်တော့လောက်အောင်ကို ပြာနေတယ် ရီဝေေ၀နဲ့ ခေါင်းတွေလည်း မူးနောက်နေတယ် အသက်ရှုဒါတောင် မ၀တော့သလိုလို စိတ်ထဲမှာ တစ်ခုခုက ခြောက်လန့်နေသလိုလိုနဲ့ လူကညအိပ်ရင်လည်း အသံတွေကြားလိုကြား အရိပ်မဲကြီးတစ်ခု မြင်လိုမြင်နဲ့ အိပ်မက်ဆိုးတွေကို ရင်ဆိုင်ဖြတ်သန်းခဲ့ရပေါင်းလည်း များပြီပေါ့ အမှန်တကယ်တော့ သွေးအားနည်းရောဂါ ကိုခံစားနေရတဲ့သူကလွဲပြီး ဒီအဖြစ်ဆိုးမျိုးကို ဘယ်သူကများ ကြုံဖူး၊ ခံစားဖူးလို့လဲနော် အဖေနဲ့အမေလည်း ဧကရီအတွက် တော်တော်လေးကို ပင်ပန်းနေပြီ စိတ်လည်းတော်တော်ဆင်းရဲနေပါပြီ
ဘယ်ဝဘကရေစက်ကြောင့်လည်းမသိပါ သဘောထားပြည့်ဝလွန်းတဲ့ မိဘနှစ်ပါးကိုမှ ဒီလို သမီးမျိုးကို ရေစက်လာပြီးဆုံစည်းပေးရတယ်လို့ ဧကရီလည်း ဘ၀ဆိုတဲ့ စိတ္တဇဆန်လွန်းတဲ့ခရီးထဲကနေ မျက်စိလည်လမ်းမှားပြီးရောက်လာတဲ့ စိတ္တဇခရီးသည် တစ်ဦးပါပဲလား......................
MySpace Codes
Home
ဝန်ခံချက်
ရင်တွင်ခံစာချက်
ဘာသာရေး
ကျန်းမားရေး
ပညာရေး
နိုင်ငံရေး
စိးပွားရေး
နည်ပညာများ
အင်တာနက်
ဟာသလေးများ
စာကြည်တိုက်
=> မြန်မာစာအုပ်ကောင်းများ(၁)
=> မြန်မာစာအုပ်ကောင်းများ(၂)
=> မြန်မာစာအုပ်ကောင်များ(၃)
=> မြန်မာစာအုပ်ကောင်းများ(၄)
=> ၀တ္ထု(၁)
=> ၀တ္ထု(၂)
=> ၀တ္ထု(၃)
=> အကြည်တော်
=> နီကိုရဲ
=> တာရာမင်းဝေ
=> ဒကုန်ရွှေမျှား
=> ဂျူး
=> မစန္ဒာ
=> မင်းခိုက်စိုးစန်
=> Download Tarot e-booksများ
=> ဗေဒင်
=> ဂီတနှင်ပတ်သက္တာ
=> ဆယ်ကျော်သက်တွေ အကြိုက်တွေ့ခဲ့တဲ့ ဂျိုန&
=> စာအုပ်များ
=> မြန်မာ Blogs များ
=> စိတ္တဇခရီးသည်
=> စိတ္တဇခရီးသည်(၂)
=> စိတ္တဇခရီးသည်(၃)
=> စိတ္တဇခရီးသည်(၄)
=> လက်ထပ်ရှင်းတမ်း
=> ကောင်မလေးနဲ့ ကောင်လေး
သီချင်း
ဓာတ်ပုံများ
ကဗျာများ
ရာသီဥတု
ဆက်သွယ်ရန်
Kachinlay
Welcome to everybody in JESUS NAME
http://ifile.it/j1r3k28
အလည်လာကြည်ကြသောနိုင်ငံများ
widgeo
ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 39 visitors (56 hits) on this page!
This website was created for free with
Own-Free-Website.com
. Would you also like to have your own website?
Sign up for free