Kachinlay
စိတ္တဇခရီးသည်(၂)
04/26/2025 10:20am (UTC)
စိတ္တဇခရီးသည်
... ဧကရီမျက်လုံးဖွင့်ဖို့ကြိုးစားရင်း နားထဲမှအသံအချို့ကိုကြားရတယ် အဲဒါကတော့ အလွတ်တောင်ရနေပြီဖြစ်တဲ့ မေမေနဲ့ဆရာမအန်တီဆန်းနွဲ့ နှစ်ယောက်သားစကားပြောနေသံပေါ့ ဧကရီ ရဲ့ သွေးပုလင်းက ဖင်ကပ်လေးပဲကျန်တော့တယ်ဆိုဒါ မျက်လုံးဖွင့်မကြည့်ရင်တောင်သိနေတယ် ဆရာမလာစောင့်တယ်ဆိုကတည်းက ဆေးထိုးအပ်ကိုပြုတ်ဖို့အတွက်ဆိုဒါ မှန်းဆကြည့်လို့ရတယ် အိပ်ယာနှိုးခါစလိုမျိုး မျက်လုံးကချက်ခြင်းမဖွင့်နိုင်သေးလို့ မှေးနေလိုက်ဒါ အလင်းကစူးနေတော့ မျက်လုံးထဲမှာတောင် အလင်းတန်းအချို့ကိုမြင်နေရပြီ ဆေးရုံဆင်းရတော့မယ်ဆိုတော့ ဘာဖြစ်ဖြစ် ပျော်တယ် အဲဒီလူနာအနံ့တွေကိုခံရဒါလည်း စိတ်ပျက်ဖို့ကောင်းတယ် ကလေးငိုငြီးသံတွေရော မကြားချင်မှအဆုံး ဧကရီဘေးနားကပိုဆိုးတယ် ကလေးက အသားဝါတဲ့ အဖျားကလည်းရှိနေတော့ တစ်ချိန်လုံးငြီးညူနေရှာရော သနားစရာလည်းတော်တော်ကောင်းပါတယ် သူ့ခဗျာ ဝေဒနာကို ခံစားနေရဒါ ဘာဖြစ်ဖြစ်ကိုယ်တောင်မှ ခဏလေးပဲ သွေးလာသွင်းဒါတောင် နေရခက်နေပြီ သူ့လို အကြာကြီးဆေးရုံပေါ်နေရရင်တော့ ဘယ်လွယ်မလဲ စိတ်လည်းကျဉ်းကျပ်လွန်းပါတယ်လေ..........
ဆေးရုံပေါ်နေရရင် အချိန်တွေက ကုန်ဆုံးဖို့နှေးတယ်လို့ထင်ရတယ်စိတ်ထဲမှာတော့ ဆေးရုံကဆင်းရင် အဘွားတို့ဆီကိုသွားမယ်ပေါ့ ပြီးတော့ စားချင်တဲ့ဟင်းရွက်တွေကို အဘွားနဲ့ခြံထဲလိုက်ခူးမယ် ခြံကကျယ်တော့ အပင်တွေလည်းစုံတယ်လေ ညီအစ်မတွေနဲ့လည်း မဆော့ရဒါ ၂ရက်တောင်ရှိတော့မယ်ဆိုတော့ အရမ်းကိုလွမ်းနေဒါပေါ့......
ဧကရီကျောင်းလည်းတက်ရအုံးမှာမဟုတ်လား ကျောင်းရောက်ရင်လည်း တမျိုး စိတ်ဆင်းရဲရတယ် သူများတွေလို မဆော့ရဘူး သူများပျော်သလိုမပျော်နိုင်ဘူး ဘာလို့လဲဆိုတော့ ဆရာမတွေက ပေးမဆော့ဘူး အိမ်ကမှာထားတယ် မဆော့ရဘူးတဲ့ဆိုပြီး ဧကရီက ကစားကျောင်းဆင်းချိန်ဆို သူများကိုပဲထိုင်ကြည့်ပြီး ငေးမောရင်းနဲ့တစ်နေ့တစ်နေ့ ကျောင်းတက်ခဲ့ရဒါ ပျင်းစရာတော့အကောင်းသား အထီးလည်းကျန်တယ်
ဆရာမတွေ ပေးမဆော့ချင်ဒါလည်းဟုတ်ပါတယ် မှတ်မှတ်ရရပါပဲ ဧကရီက မုန့်စားဆင်းချိန်မှာ သူငယ်ချင်းတွေနဲ့ ကစားမယ်ဆိုပြီး ထွက်သွားဒါ ဇိမ်ပြေးတမ်း ကစားရင်း ချော်လှဲပြီး အိမ်ရောက်တော့ ဖျားရေ
အဲဒါနဲ့ဆေးရုံပေါ်ရောက်ရော ကိုယ့်ကိုယ်ကို ဘာဖြစ်လို့ ဒီလောက်ချူချာ နေမှန်းလည်းမသိတော့ပါဘူး
ပြေးရင်းလွားရင်းနဲ့ လှဲသွားဒါ သွေးနဲနဲလေးထွက်လိုက်ဒါနဲ့ကို ဖြစ်ပြီ အမှန်တော့ ပြေးလွားဆော့ကစားရလို့ ပင်ပန်းပြီး အိပ်ရာထဲလှဲသွားရဒါပါ ဒါကို ဆရာမတွေက သိလို့ စိတ်တွေပူပြီး နောက်ဘယ်တော့မှ
ပေးမကစားတော့ဘူးလေ သူငယ်ချင်းတွေနဲ့လည်း အနေဝေးသွားရဒါပေါ့ ဟန်ဆောင်ခြင်းတွေဒါ ခဏလောက် ငှားသုံးလို့ရလို့ရှိရင် ဟန်ဆောင်ပန်ဆောင်လေးနဲ့ ဘာမှမဖြစ်သလိုနေပစ်လိုက်ချင်တယ် ဒါပေမဲ့ ဧကရီက
မောလာပြီဆို ဘာမှလုပ်ချင်ကိုင်ချင်တဲ့စိတ်ကို မရှိတော့ဒါ အိပ်ယာထဲမှာပဲ နားနားနေနေ နေလိုက်ချင်တယ် သူငယ်ချင်းတွေလည်း သိပ်ပြီး မခေါ်ရဲတော့ဘူးလေ သူတို့ကြောင့် ဧကရီ တစ်ခုခု ဖြစ်သွားမှာပဲ သူတို့စိုးရိမ်နေကြဒါ အဲလိုနေမကောင်းလို့ ဧကရီတောင် စာမေးပွဲမဖြေလိုက်ရဘူးလေ အတန်းတင်စာမေးပွဲကြီးနဲ့သွားတိုက်နေတော့ ဘာမှမတတ်နိုင်တော့ဘူးပေါ့ တစ်ခြားသူငယ်ချင်းတွေကတော့ အတန်းတွေတက်သွားကြဒါ ဧကရီတစ်ယောက်ပဲ ကျန်ခဲ့တော့တယ် ၀မ်းနည်းလွန်းလို့ ဘာမှလည်း မပြောချင်တော့ဘူး
ကံကောင်းထောက်မစွာပဲ ဧကရီ အထီးကျန်နေတဲ့ အချိန်မှာပေါ့ ဘုရားကပေးတဲ့ လက်ဆောင်ပါပဲ နယ်ကနေပြောင်းလာတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် ဧကရီ ကိုသူအရမ်းခင်တယ် သူက ဘယ်သူနဲ့မှ သိပ်ပြီး အဖော်မလုပ်ဘူး သူ့ဟာသူပဲ အေးအေးဆေးဆေး ထိုင်ပြီး ပုံတွေပဲဆွဲနေတတ်တယ် သူဆွဲတဲ့ပုံလေးတွေက အသက်ဝင်လိုက်ဒါ ဧကရီတောင် သူ့အရုပ်လေး ခဏလောက် ဖြစ်လိုက်ချင်တယ်
သူက ဧကရီအတွက်တော့ သူငယ်ချင်းကောင်းပေါ့ ကိုယ်က သူများလို မဆော့နိုင်လို့ အခန်းထဲ အထီးကျန်နေတဲ့အချိန်မှာ သူက ပုံလေးတွေဆွဲပေးတယ်လေ ဒါနဲ့နှစ်ယောက်သားအရမ်းကို ချစ်တဲ့သူငယ်ချင်းကောင်းဖြစ်သွားဒါပေါ့ သူလည်း ဧကရီကိုချစ်သလို ဧကရီလည်း သူမှသူပဲ တစ်ခြားဘယ်သူငယ်ချင်းကိုမှ သိပ်မပေါင်းဖြစ်တော့ဘူးလေ........
ဖြူ ။ ။ ဧကရီ နင့်ကိုမတွေ့ဒါကြာလို့လာမေးကြည့်ဒါ နေကောင်းသလားလို့ နင်တို့အိမ်ကိုလည်း ငါ မလာရဲဘူးဟ ခွေးကြောက်တယ်
ဧကရီ။ ။ အင်းဟုတ်တယ် ဖြူ ဧကရီသိပ်နေမကောင်းလို့ ကျောင်းမလာဖြစ်ဘူး ဒါနဲ့ ဘယ်လိုလုပ်ပြီး ၀င်လာသလဲ
ဖြူ ။ ။ ဧကရီတို့ ဘွားဘွားလေ အိမ်လာလည်ရင်း သူပြောပြလို့သိရဒါ နင်နေမကောင်းဘူး ဆေးရုံတက်ရတယ်ဆိုလို့ ငါလည်းစိတ်ပူပြီးလာကြည့်ဒါဟ နင့်စာကိုစိတ်မပူနဲ့ ငါအားလုံးကူးထားပေးတယ် နင်နေကောင်းအောင်သာနေဟာ နင့်ကြည့်ရဒါ ငါတောင် ပင်ပန်းလာသလိုပဲ သူငယ်ချင်းတောင်မှ ဧကရီကို ကြည့်ပြီးတော့ အားမလိုအားမရဖြစ်ရတယ်လေ
မေမေ။ ။ ဟော် သမီးသူငယ်ချင်းတောင်ရောက်နေမှကိုး လာလာမုန့်စားအုံးဒီမှာ
ဖြူ။ ။ ဟုတ်အန်တီ သမီးလည်းပြန်လိုက်အုံးမယ် မိုးချုပ်တော့မယ် အိမ်က ထမင်းစားဖို့မျှော်နေမှာစိုးလို့ ...... ငါသွားတော့မယ် ဧကရီ နောက်မှကျောင်းမှာတွေ့မယ်နော် တာတာ့..........
ပြောပြောဆိုဆို သူငယ်ချင်းကထွက်သွားပြီးနောက် တစ်အောက်ကြာတော့ ဖေဖေ ပြန်လာတယ်
မေမေ။ ။ သမီးဖေဖေတောင်ပြန်လာပြီ သွားကြိုလိုက်ပါအုံးသမီး
ဧကရီ။ ။ ဟုတ် မေမေ သမီးသွားကြိုလိုက်မယ် ....... ဖေဖေသမီးအတွက်မုန့်ပါခဲ့လား သမီးက နံပြားထောပတ်သုပ်ထားချင်လို့လေ မေမေ့ကိုပြောဒါ ကြာလှပြီ ၀မ်းချုပ်လို့ဆို မကျွေးဘူး သမီးကို
ဖေဖေ။ ။ သမီးကို ဖေဖေ ၀ယ်ကျွေးမှာပေါ့ သမီးရယ် နောက်ရောဘာစားချင်သေးလဲပြော ဖေဖေသွားဝယ်ပေးမယ် အခုတော့ လာလာ အိမ်ထဲဝင်ရအောင် သမီးက နေကောင်းဒါလည်းမဟုတ်ပဲနဲ့ ဘာလို့ထလာဒါလဲ
မေမေ။ ။ ရှင့်သမီးက အိပ်ရာထဲ တစ်ချိန်လုံးနေနေလို့ နဲနဲပါးပါးထပြီးလှမ်းလျှောက်ခိုင်းဒါ မဟုတ်ရင် လူက ပိုပြီးနှုန်းနေမှာလေ
မေမေကတော့ ထုံးစံအတိုင်း ဧကရီရဲ့ ကျန်းမာရေးကို အားမလို အားမရနဲ့ပေါ့
ဖေဖေ။ ။ မေကြီးကလည်း ကလေးကို နေသာအောင် နေခိုင်းပါ ဘာမှမဖြစ်ပါဘူး သူ့ကိုကြည့်ရဒါ မောနေတယ်လေ ဒါနဲ့ မနက်ဖြန် သွားဖို့ အဆင်သင့်ဖြစ်နေပြီနော် ယောက်ဖကိုလည်း သွားပြောလိုက်အုံး
ပြင်ဆင်ရအောင်လို့ ဆရာဝန်ကြီးရဲ့ လက်မှတ်လည်း ရခဲ့ပြီ.....
မေမေ။ ။ လေယာဉ်နဲ့သွားမှာမို့ အဲလောက်ကြီး မလိုပါဘူး ဖေကြီးကလည်း ခဏနေသွားပြောလိုက်မယ် သူကယောင်္ကျားလေးပဲဟာ ဘာမှကြိုတင်ပြင်ဆင်စရာမလိုပါဘူး.........
မေမေနဲ့ဖေဖေပြောနေကြဒါက မနက်ဖန်ဆို ဧကရီကို ရန်ကုန်မှာ ဆေးသွားစစ်ဖို့လေ ဖေဖေကမလိုက်နိုင်လို့ မေမေ့မောင် ဦးလေးပဲအဖော်အဖြစ်လိုက်သွားပေးမလို့ ပြောနေကြဒါ ဧကရီကို ဆေးကုပေးနေတဲ့ ကလေးအထူးကုဒေါက်တာကြီး ဦးမင်းဦးက ရန်ကန်မှာသွားစစ်ရင်ပိုသေချာတယ် ဘာရောဂါဖြစ်နေသလဲဆိုဒါ သူပြောတဲ့ရောဂါ အမျိုးအစားနဲ့ ကိုက်မကိုက်လည်း ပိုပြီးသေချာသွားအောင် ဆေးစစ်ခိုင်းဒါပါ ဧကရီလည်း အဖေ့ကိုသွားကြိုရလို့ လူကလေဟာနယ်ထဲလွင့်သွားသလိုပဲ ရပ်နေရင်းနဲ့တောင် ဒူးကအလိုလို ညွန့်ကျသွားချင်တယ် အိပ်ရာထဲပဲသွားလှဲနေဒါကောင်းပါတယ်လေဆိုပြီး အဖေနဲ့အမေ ကို ကျောခိုင်းပြီး အိပ်ခန်းထဲဝင်လာပြီး မှေးနေလိုက်တယ် ပြူတင်းပေါက်ကနေလှမ်းကြည့်တော့ ငှက်ကလေးတွေ အိပ်တန်းတက်ဖို့ဆူညံပြီး အပင်တွေလုနေကြပြီ အပြင်မှာတော့ မိုးလေးဖွဲဖွဲရွာနေပေါ့………………………
MySpace Codes
Home
ဝန်ခံချက်
ရင်တွင်ခံစာချက်
ဘာသာရေး
ကျန်းမားရေး
ပညာရေး
နိုင်ငံရေး
စိးပွားရေး
နည်ပညာများ
အင်တာနက်
ဟာသလေးများ
စာကြည်တိုက်
=> မြန်မာစာအုပ်ကောင်းများ(၁)
=> မြန်မာစာအုပ်ကောင်းများ(၂)
=> မြန်မာစာအုပ်ကောင်များ(၃)
=> မြန်မာစာအုပ်ကောင်းများ(၄)
=> ၀တ္ထု(၁)
=> ၀တ္ထု(၂)
=> ၀တ္ထု(၃)
=> အကြည်တော်
=> နီကိုရဲ
=> တာရာမင်းဝေ
=> ဒကုန်ရွှေမျှား
=> ဂျူး
=> မစန္ဒာ
=> မင်းခိုက်စိုးစန်
=> Download Tarot e-booksများ
=> ဗေဒင်
=> ဂီတနှင်ပတ်သက္တာ
=> ဆယ်ကျော်သက်တွေ အကြိုက်တွေ့ခဲ့တဲ့ ဂျိုန&
=> စာအုပ်များ
=> မြန်မာ Blogs များ
=> စိတ္တဇခရီးသည်
=> စိတ္တဇခရီးသည်(၂)
=> စိတ္တဇခရီးသည်(၃)
=> စိတ္တဇခရီးသည်(၄)
=> လက်ထပ်ရှင်းတမ်း
=> ကောင်မလေးနဲ့ ကောင်လေး
သီချင်း
ဓာတ်ပုံများ
ကဗျာများ
ရာသီဥတု
ဆက်သွယ်ရန်
Kachinlay
Welcome to everybody in JESUS NAME
http://ifile.it/j1r3k28
အလည်လာကြည်ကြသောနိုင်ငံများ
widgeo
ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 42 visitors (62 hits) on this page!
This website was created for free with
Own-Free-Website.com
. Would you also like to have your own website?
Sign up for free