MySpace Graphics
MySpace Graphics


Kachinlay  
 
  ဆယ်ကျော်သက်တွေ အကြိုက်တွေ့ခဲ့တဲ့ ဂျိုန& 04/26/2025 9:53am (UTC)
   
 
ဆယ်ကျော်သက်တွေ အကြိုက်တွေ့ခဲ့တဲ့ ဂျိုနက်စ်တို့ရဲ့ဖျော်ဖြေပွဲ
 
ဆယ်ကျော်သက်တွေ အကြိုက်တွေ့ခဲ့တဲ့ ဂျိုနက်စ်တို့ရဲ့ဖျော်ဖြေပွဲ

ဇွန်လ(၁၅)ရက်နေ့တုန်းက ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာရှိတဲ့ Radio 1စတူဒီယို အပြင်ဘက်မှာ အထူးအစီအစဉ်အနေနဲ့ ဂျိုနက်စ်ညီအစ်ကိုများအဖွဲ့ (Jonas Brothers)က ဖျော်ဖြေမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ DJ ဂျိုဝှစ်လီရဲ့ အကြံအစည်နဲ့ ခုလိုမျိုး သမားရိုးကျ ဖျော်ဖြေမှုလေး တစ်ခုကို လုပ်ခဲ့တာဖြစ်ပြီး ဆယ်ကျော်သက် မိန်းကလေးပရိသတ် ဒါဇင်နဲ့ချီပြီး လာအားပေးမယ်လို့ ၀ှစ်လီက မျှော်လင့်ခဲ့တာပါ။

Jonas Brothers

(ပရိသတ်များနှင့်အတူ တွေ့ရသည့် Jonas Brothersအဖွဲ့)

ဒါပေမယ့် တကယ်တမ်း ဖျော်ဖြေမှုလည်းစရော နစ်ခ်၊ ဂျိုးနဲ့ ကီဗင်တို့ကို ချစ်ခင်အားပေးတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေ ရာနဲ့ချီပြီး ရောက်လာကြတယ်လို့ ဆိုပါတယ်။ တချို့ဆိုရင် အနီးအနား ကျောင်းတွေကနေ ခိုးထွက်လာပြီး ဂျိုနက်စ်အဖွဲ့ကို လာအားပေးကြတာပါ။ ဆူဆူညံညံဖြစ်နေတဲ့ ပရိသတ်တွေကို ဂျိုနက်စ်တို့က တိတ်တိတ်လေး နေပေးဖို့ တောင်းပန်ပြီးတော့ သူတို့ကိုယ်တိုင် ဂစ်တာတီးပြီး သီချင်းဆိုပြပါတယ်။ စတူဒီယိုရှေ့ ဂီတပွဲလေးဟာ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ခဲ့ပြီး (၅)မိနစ်လောက်လေးသာ ကြာခဲ့ပေမယ့် မိန်းကလေး ပရိသတ်အတွက် ပြောမဆုံးအောင် ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။

Jonas Brothers

(Jonas Brothersအဖွဲ့ရဲ့ ပရိသတ်များ)

နောက်ပိုင်းမှာ စတူဒီယိုကနေ Sohoဟိုတယ်ကို ပြန်သွားကြတဲ့ ဂျိုနက်စ်ညီအစ်ကိုတွေထဲက အငယ်ဆုံးဖြစ်တဲ့ နစ်ခ်ကို အင်တာဗျူးတစ်ခုက သူနဲ့ အမေရိကန်နာမည်ကျော် အဆိုတော်မင်းသမီးလေး မိုင်လီဆိုင်းရပ်စ်တို့ရဲ့ အချစ်ဇာတ်လမ်းကို မေးခဲ့တဲ့အခါ “ကျွန်တော်တို့နှစ်ယောက် ပြန်တွဲဖြစ်တဲ့အတွက် အရမ်းပျော်ပါတယ်”လို့ ခပ်ပြုံးပြုံးလေး ဖြေသွားပါတယ်။ မိုင်လီဟာ သူ့ရဲ့ချစ်သူ ဂျက်စတင် ဂက်စတန်နဲ့ လမ်းခွဲပြီး နစ်ခ်နဲ့ ပြန်ဆက်သွယ်နေပြီလို့ မကြာသေးခင်ကမှ ပြောခဲ့တာပါ။ ဂျိုနက်စ်တို့ဟာ ကမ္ဘာလှည့်ဖျော်ဖြေမှုအဖြစ် ဥရောပတခွင် လှည့်လည်နေပြီး လန်ဒန်ကို ရောက်မလာခင်က ပဲရစ်နဲ့ မက်ဒရစ်မြို့တော်တွေကို ရောက်ခဲ့ပါသေးတယ်။ မက်ဒရစ်မှာ နစ်ခ်ရဲ့ အထက်တန်းပညာရေး အောင်မြင်မှုအတွက် ဂုဏ်ပြုပွဲလေးတစ်ခုတောင် လုပ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

 
  MySpace Codes
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Welcome to everybody in JESUS NAME

http://ifile.it/j1r3k28
  အလည်လာကြည်ကြသောနိုင်ငံများ
  ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
  ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 32 visitors (40 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free