Kachinlay
စိတ္တဇခရီးသည်(၃)
04/26/2025 10:24am (UTC)
စိတ္တဇခရီးသည်
.
............ ရန်ကုန် သုဝဏ္ဏခြံကြီးထဲက အဘွားလေးတို့အိမ်မှာ တည်းခိုရင်း တစ်ဘက်ခြံချင်းကပ်လျက်က ရုပ်ရှင်သရုပ်ဆောင် ဦးသုမောင်တို့အိမ်ဆိုဒါ ဘွားလေးပြောပြလို့သိခဲ့ရတယ် ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုသွားပြီးတော့ ဆေးစစ်စရာရှိဒါစစ်တယ် ဆရာဝန်ကြီးက ရက်ချိန်းပေးလိုက်တယ် နောက်၃ရက်မှလာခဲ့ပါတဲ့ အတွေးတွေကတော့ အိမ်ကိုရောက်နေတယ် မွန်းကျပ်တဲ့ မြို့ပြမှာ နေရဒါ အသက်ရှုလည်း မ၀သလိုပဲ အဘွားလေးတို့ကတော့ ဧကရီကိုပျော်အောင် ရန်ကုန်မြို့အနှံ့ ခေါ်လည်ပါတယ် ဒါပေမဲ့ ကိုယ့် မြို့လေးကအဘွားခြံလေးကိုပဲ တောင့်တတယ် စိတ်ထဲလည်း အိမ်မြန်မြန်ပြန်ရောက်ပါစေလို့ ဆုတောင်းရင်း အမေနဲ့ဦးလေးကတော့ ဧကရီ ရဲ့ဆေးစစ်ချက်အဖြေကို ရင်တမမနဲ့စောင့်မျှော်နေရှာပါတယ်
အဘွားလေး။ ။ တူမလေး နင့်သမီးရဲ့ဆေးစစ်ချက်က ဒီနေ့ရမယ်မဟုတ်လား
မေမေ။ ။ ဟုတ်တယ် အန်တီ အဲဒါကျွန်မ မောင်လေးနဲ့သွားဖို့ပြောထားတယ် သူ့ကဘယ်ထွက်သွားပြန်ဒါလည်းမသိဘူး အခုထိမရောက်သေးဘူး
အဘွားလေး။ ။ ဘယ်မှမသွားဘူး သူက နင့်သမီးနဲ့ ဟိုဘက်အိမ်မှာ (ဟိုဘက်အိမ်ဆိုဒါက ဘွားလေးရဲ့ ယောက္ခမအိမ်ပါ တစ်ဝန်းတည်းပါပဲ ဒါပေမဲ့အိမ်ခွဲနေတယ် အဖိုးလေးတို့က ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ဒါ)တီဗွီသွားကြည့်နေဒါလေ ခုနပြောပြဖို့မေ့နေဒါ သွားရင်သူ့ကိုခေါ်လိုက်တဲ့ ငါလည်းလိုက်ခဲ့မှာပေါ့ နင်က ဈေးလည်းတစ်ခါတည်းဝင်လိုက် မနက်ဖန်ပြန်မှာဆိုတော့ ၀ယ်စရာရှိဒါ ဒီနေ့ဝယ်ထား
မေမေ။ ။ သြော် ဒီတူဝရီး နှစ်ယောက်တော့ လိုက်တယ် ဟိုကလည်း ခေါင်းမူးတယ် ငြီးအုံးမှာ အိမ်မှာလည်း အရမ်းကြည့်တယ် အဲဒါကို မ၀ဘူးလားမသိဘူး
အဘွားလေး။ ။ သူတို့လည်းပျင်းနေမှာပေါ့ နေပါစေ နင်လည်း ရေမိုးချိုးပြီးပြင်ဆင်တော့လေ သူတို့နှစ်ယောက်ကို ခေါ်ပြီး အန်တီထမင်းစားနှင့်မယ်
မေမေ။ ။ ဟုတ် အန်တီ ကျွန်မ ရေချိုးလိုက်အုံးမယ်
ရန်ကုန်ုရဲ့ပူပြင်းတဲ့ရာသီဥတုဒဏ်ကြောင့်လားမသိဘူး အပြင်ထွက်တော့မယ်ဆိုတဲ့အသံကြားဒါနဲ့ လူက အလိုလိုနေရင်း မောဟိုက်လာတယ် ခေါင်းပဲမူးလာသလိုလို အမေ့ကိုလည်းမပြောရဲဘူး သူက တီဗွီ ဒီလောက်ကြည့်ဒါ မမူးပဲနေမလားဆို ပြောအုံးမှာ ဒီလိုနဲ့ အမေတို့နောက်ကို မလိုက်ချင်းလည်းလိုက်ရအုံးမယ် သူတို့က ဆေးရုံကိုသွားတယ် ပြီးတော့အကြာကြီးပဲ အဲမှာ ဆရာဝန်နဲ့ဘာတွေဆွေးနွေးနေလဲမသိဘူး နောက်အဲဒီကပြန်ထွက်လာတော့ ပြန်ရတော့မယ်ဆိုပြီး ဗိုလ်ချုပ်ဈေးထဲဝင်ပြီးပတ်သေးတယ် အိမ်ပြန်ရောက်လာတော့ ဘာမှမလုပ်ချင်ဘူး အိပ်ယာထဲတန်းဝင်လိုက်တယ် အမေကတော့ အဘွားလေးနဲ့ စကားတွေထိုင်ပြောနေတယ် ဧကရီရဲ့ ဆေးမှတ်တမ်းအကြောင်းကိုပေါ့
ဘွားလေး။ ။ မှုံ နင့်သမီးရဲ့ ဆေးမှတ်တမ်းက ဘာတဲ့လဲ ဆရာဝန်ကလည်း အကြာကြီးပဲပြောတယ် နင်တို့ဘာတွေပြောနေဒါလဲ ခုနမေးမလို့ဆို ဈေးပတ်နေဒါနဲ့ မမေးဖြစ်ဘူး
မေမေ။ ။ ဆရာဝန်ကပြောလာတယ် ဒီရောဂါက သွေးအားနည်းရောဂါတစ်မျိုးပဲတဲ့ လူ့န္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပေလုံးဆိုလား အဲဒါက သွေးနီဥတွေကို စုတ်ယူလို့တဲ့ အဲဒါကြောင့်သွေးခဏခဏသွင်းရဒါတဲ့ သူ့ကိုခွဲထုတ်ပစ်မှရတော့မယ် တစ်ခုတော့ရှိတယ် ဧကရီ ကခံနိုင်ရည်ရှိမှ ခွဲရမယ်တဲ့ အခုအရမ်းငယ်သေးတော့ မေ့ဆေးဒဏ်ကို ခံနိုင်မှာမဟုတ်သေးဘူး ပြီးတော့ လူကအားမရှိတော့ မခွဲခိုင်းစေချင်ဘူးတဲ့
ဘွားလေး။ ။ နင့်သမီးကိုကြည့်ရဒါ ငါတောင် သနားလာပြီ လူကငယ်ငယ်လေးနဲ့ ရောဂါနဲ့ မလိုက်အောင် ပါပဲလား အင်း နင်တို့ကလည်း ဂရုစိုက်အုံး ကလေးကို
မေမေနဲ့ ဘွားလေးတို့ စကားပြောနေကြတဲ့အသံကို အိပ်ခန်းထဲကနေ အတိုင်းသားကြားနေရတယ် တအောင့်လောက်ကြာတော့ မေမေအခန်းထဲဝင်လာပြီး ဧကရီကို မနက်ဖြန် ပြန်တော့မယ် ဆိုတဲ့အကြောင်းလာပြောတယ် ဘာဖြစ်ဖြစ် မနက်ဖြန်ဆို ပြန်ရတော့မယ် ကိုယ့်မြို့မှာရှိတဲ့လေကို တစ်ဝကြီးရှုပစ်မယ်လို့အားခဲရင်း ဒီနေ့အဖို့တော့ အိပ်ရေးဝအောင်အိပ်လိုက်တော့မယ်........................
ဖြူ။ ။ ဟေ့ ဧကရီ နင်ပြန်ရောက်မယ်ပြောလို့ငါလာကြည့်ဒါ နင်တော်တော်ပိန်သွားတယ်နော် ပင်ပန်းလို့နေမှာ
ခရီးရောက်မဆိုင် သူငယ်ချင်းက ဆီးပြီးနှုတ်ဆက်တော့ ဧကရီလည်း ကားပေါ်က အပြေးဆင်းပြီး သူ့ကိုအားရပါးရပွေ့ဖက်မိတယ်
ဧကရီမိုး။ ။ အင်းနဲနဲပင်ပန်းတယ် ရန်ကုန်မှာ ငါအသက်ရှုလို့ကို မ၀ဒါဟ ပူလိုက်ဒါလည်းလွန်ရော ငါတော့မနေတတ်ဘူး နင့်ကိုလည်း အရမ်းသတိရတယ်ဟ နင်ကလည်းငါလာခဲ့မှာပေါ့ဟာ လာစောင့်နေရတယ်လို့
မေမေ။ ။ သမီးသူငယ်ချင်းကို မုန့်ကျွေးအုံး ပြီးတော့ သူ့အိမ်အတွက်ထည့်ပေးလိုက်အုံးနော် မေမေ စားပွဲပေါ်တင်ထားတယ်နော် ပြန်ရင်မမေ့နဲ့ယူသွားဖို့
ဖေဖေ။ ။ သမီးအေးဆေးနားအုံး ခရီးပန်းလာတယ် သမီးသူငယ်ချင်းက ခုနကတည်းက လာစောင့်နေဒါ မိုးချုပ်တော့မယ် သူတို့အိမ်ကလည်းစိတ်ပူနေတော့မယ် နောက်ရက်မှ အေးအေးဆေးဆေးတွေ့ကြတော့
ဖြူ။ ။ ဟုတ်တယ် နင်လည်းနားတော့ နင့်မျက်နှာတောင် ဖြူနေပြီ အရမ်းပင်ပန်းတယ်ထင်တယ် ငါလည်းပြန်တော့မယ် တာတာ့နော်-- အော် နင့်မုန့်အတွက် ကျေးဇူးနော် ငါသွားပြီ
သူငယ်ချင်းက လက်ပြနှုတ်ဆက်ပြီး ထွက်သွားတော့ ဧကရီလည်း ခရီးပန်းလာသာကြောင့် ခေါင်းတွေနောက်နေဒါနဲ့ ခြံထဲ သွားပြီး စီးနေကျဒန်းမှာထိုင်းပြီးအပေါ်ကိုမေ့ကြည့်လိုက်တော့ ဟော်... လိုင်ချီးသီးလေးတွေတောင် မှည့်ခါနီးနေပါပေါ့လား အသီးပေါ်တဲ့အချန်ဆို ဧကရီအရမ်းပျော်တယ် အဘွားတို့အိမ်ဘက်မှာသွားပြီးရောင်းဒါလေ အဘွားတို့က ဗွီတီယိုရုံဖွင့်ထားတော့ လာကြည့်တဲ့လူတွေက ၀ယ်စားကြဒါပေါ့ ပိုက်ဆံတွေရလာရင် အရမ်းပျော်ဒါပဲ အမေကိုအများကြီး စည်းခိုင်းပြီး သွားသွားရောင်းပေးဒါ အမေကတော့ ပင်ပန်းမှာစိုးလို့ မပေးသွားချင်ဘူး ဒါပေမဲ့ ဧကရီကတော့ ပျော်တယ် ကလေးဘ၀မှာ အဲဒါတွေလည်း အပျော်တစ်မျိုးပါပဲ ခြံထွက်သီးနှံလေးတွေကို သွားရောင်းရဒါ ပီတိလည်းဖြစ်မိတယ်
ဖေကြီးနဲ့မေကြီးလည်း ခရီးရောက်မဆိုက် စကားတွေပြောနေကြဒါ ဆူညံနေဒါပဲ ဖေကြီးရဲ့ အမေ ဘွားဘွားလည်း ၀မ်းသာလို့ ပါလာတဲ့ ပစ္စည်းတွေကို လိုက်သိမ်းရင်းနဲ့ မေကြီးကို လှမ်းလှမ်းမေးတယ် အဘွားက သနားပါတယ် အသက်ကြီးလာလို့ထင်တယ် နားတွေလေးနေဒါ တော်တော်နဲ့မကြားဘူး သူနဲ့စကားပြောရင် အော်ပြီးပြောရတယ် မေကြီးနဲ့ဖေကြီးကစကားတွေပြောနေတော့ သူလည်းမမေးရဲရှာဘူးနဲ့တူတယ် ဧကရီရှိတဲ့ ဒန်းလေးမှာလာပြီး ခရီးအကြောင်းမေးရှာတယ် ပြီးတော့ဆရာဝန်က ဘာပြောသလဲတဲ့ ဧကရီလည်းမပြောပြတတ်တော့ မသိတော့ဘူးပေါ့ နေကောင်းတယ် ဘာမှမဖြစ်ဘူးလို့ပဲပြောလိုက်တယ် သူ့ကိုလည်းစိတ်မပူစေချင်လို့ပါ
မေမေ။ ။ ဖေကြီးသိလာ ဆရာဝန်ကလေ သမီးလေးရဲ့ရောဂါက သိပ်တော့မစိုးရိမ်ရပါဘူးတဲ့ ဘာလို့လဲဆိုတော့ Anaemia ဆိုတဲ့ သွေးအားနည်းရောဂါ ဖြစ်ဒါပါတဲ့ သွေးနီဥများ အရေအတွက်နည်းပါးလာပြီး ကိုယ်ခန္ဓာတွင်လည်း ပုံမှန်လုပ်ဆောင်မှုများမလုပ်ဆောင်နိုင်ဒါတဲ့ တစ်ခုတော့ရှိတယ် အမျိုးသမီးဖြစ်တယ်ဆိုရင် လစဉ်ဓမ္မတာလာခြင်းမှ သွေးနီဥများ ပိုမိုဆုံးရှုံးစေသဖြင့် ရောဂါလကဏာများမှာလည်း အမျိုးသားတွေထက် ပိုဆိုးနိုင်တယ် တဲ့ သမီးကမိန်းကလေးဆိုတော့ အဲဒါသတိထားရဒါပေါ့ ဘာဖြစ်ဖြစ်ပါ ဆရာပြောတဲ့ Leakaemia ဆိုတဲ့ သွေးဖြူဆဲလ်ကင်ဆာ မဟုတ်လို့တော်သေးဒါပေါ့ လေ အဲဒါကတော့ ရိုးတွင်းခြင်ဆီအစားထိုးကုသမှရမှာတဲ့ သမီးလေးက ကံကောင်းတယ်ပြောရမှာပေါ့ ဖေကြီးရယ် အဲလိုပဲဖြေသိမ့်ရမှာပေါ့
မေမေလည်းဖေကြီးကို ဧကရီရဲ့ ရောဂါအခြေနေကိုရှင်းပြနေရင်း စိတ်အိုက်လာပုံပေါက်တော့
ဖေဖေ။ ။ ကဲ့--မေကြီးလည်း နားလိုက်အုံး ပင်ပန်းလာပြီ ခဏနားပြီး ရေမိုးချိုး ပြီးထမင်းစားကြမယ် ၊ သမီးလေးလည်းနားတော့မယ် ဒန်းမဆီးနဲ့တော့ ခေါင်းမူးမယ် လာအိမ်ထဲဝင်မယ်
ဖေကြီးကလည်း နဲနဲစိတ်သက်သာရာရသွားသလို မေကြီးကိုနားခိုင်းပြီး ဧကရီကိုလည်း ပွေ့ဖက်ပြီး အိမ်ထဲသို့ခေါ်သွားလိုက်သည်-- ငါ့သမီးလေးဆိုပြီး ဧကရီ ဆံပင်တွေကိုချစ်စနှိုးဖွလိုက်သေးသည်-- ဖွားဖွားတော့ ဧကရီတို့သားအဖကိုငေးမောရင်း ဘာပြောမှန်းမသိပေမဲ့ ပြုံးနေလိုက်သည် ပြီးတော့ ..ဒီနှစ်လည်း အသီးတွေလှိုင်မဲ့ပုံပဲဆိုပြီး လိုင်ချီးသီးအပင်ကိုမော့ကြည့်ပြီး ရေရွှတ်ရင်း တယောက်တည်း ဒန်းမှာကျန်ရစ်ခဲ့ရှာသည်-----
MySpace Codes
Home
ဝန်ခံချက်
ရင်တွင်ခံစာချက်
ဘာသာရေး
ကျန်းမားရေး
ပညာရေး
နိုင်ငံရေး
စိးပွားရေး
နည်ပညာများ
အင်တာနက်
ဟာသလေးများ
စာကြည်တိုက်
=> မြန်မာစာအုပ်ကောင်းများ(၁)
=> မြန်မာစာအုပ်ကောင်းများ(၂)
=> မြန်မာစာအုပ်ကောင်များ(၃)
=> မြန်မာစာအုပ်ကောင်းများ(၄)
=> ၀တ္ထု(၁)
=> ၀တ္ထု(၂)
=> ၀တ္ထု(၃)
=> အကြည်တော်
=> နီကိုရဲ
=> တာရာမင်းဝေ
=> ဒကုန်ရွှေမျှား
=> ဂျူး
=> မစန္ဒာ
=> မင်းခိုက်စိုးစန်
=> Download Tarot e-booksများ
=> ဗေဒင်
=> ဂီတနှင်ပတ်သက္တာ
=> ဆယ်ကျော်သက်တွေ အကြိုက်တွေ့ခဲ့တဲ့ ဂျိုန&
=> စာအုပ်များ
=> မြန်မာ Blogs များ
=> စိတ္တဇခရီးသည်
=> စိတ္တဇခရီးသည်(၂)
=> စိတ္တဇခရီးသည်(၃)
=> စိတ္တဇခရီးသည်(၄)
=> လက်ထပ်ရှင်းတမ်း
=> ကောင်မလေးနဲ့ ကောင်လေး
သီချင်း
ဓာတ်ပုံများ
ကဗျာများ
ရာသီဥတု
ဆက်သွယ်ရန်
Kachinlay
Welcome to everybody in JESUS NAME
http://ifile.it/j1r3k28
အလည်လာကြည်ကြသောနိုင်ငံများ
widgeo
ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 43 visitors (64 hits) on this page!
This website was created for free with
Own-Free-Website.com
. Would you also like to have your own website?
Sign up for free