MySpace Graphics
MySpace Graphics


Kachinlay  
 
  စိတ္တဇခရီးသည်(၄) 06/14/2025 12:39pm (UTC)
   
 
                           စိတ္တဇခရီးသည်


ဘာလိုလိုနဲ့ ဧကရီတောင် ၄တန်းအောင်ခဲ့ပါပေါ့လား အချိန်တွေက တရွှေ့ရွှေ့ကုန်ဆုံးခဲ့ပေမယ့် ဧကရီကတော့ ခါတိုင်းနေ့လိုပဲ ဒီနေ့လည်း အသက်ရှင်နေသေးပါလားဆိုပြီးတော့ တယောက်တည်းတွေးရင်း အနောက်မှသူငယ်ချင်းရောက်နေမှန်းမသိလိုက် .........

ဖြူ။ ။ ဟေ့ ဧကရီ ငါတို့ကျောင်းပြောင်းရတော့မယ် အပေါ်ကျောင်းကိုသွားတက်ဖို့ ငါ့တို့ အတန်းပိုင်ဆရာမက သွားအပ်ပေးမယ်တဲ့ အဲဒါ နင်လည်းဘာတွေပြင်ဆင်ထားသေးလဲ
ဧကရီတို့ကျောင်းက မူလတန်းကျောင်းဆိုတော့ စတုတ္ထတန်းအထိပဲသင်ယူခွင့်ရှိတယ်
ဧကရီ။ ။ အင်း အတန်းပိုင်ဆရာမတွေအလုပ်ပေါ့ သူတို့စီစဉ်ပေးလိမ့်မယ် ကိစ္စမရှိဘူး ငါတို့က နောက်ကလိုက်သွားရုံပဲလေ နင်ကဘာများလုပ်ချင်သေးလို့လဲ
ဖြူ။ ။ ဟုတ်ဘူးလေ နင်အဲဒီကျောင်းကိုတက်မတက်ဆိုဒါလေ အဲဒါမေးဒါ နင့်မိဘတွေက နီးတဲ့ကျောင်းပဲ သွားထားမလားလို့မေးကြည့်ဒါ တကယ်လို့နင်ကအောက်ဘက်ကျောင်းမှာပဲ တက်မယ်ဆို ငါလည်းလိုက်တက်မလို့လေ နင့်ညီမတွေက အိမ်နားကကျောင်းပဲတက်မယ်ဆိုလို့မေးကြည့်ဒါပေါ့ဟ
ဧကရီ။ ။ သူတို့ဘာသာတက်ချင်တဲ့ကျောင်းလေဟာ ငါက ဆရာမသွားအပ်ပေးတဲ့ကျောင်းပဲတက်မယ် ဝေးချင်ဝေးပါစေ ကားစီးသွားရမှာပဲ လမ်းလျှောက်ဖို့မှမလိုဒါဟာ နင်ကလည်းမေးလိုက်ရင် ဘာလဲမသိဘူး
သူငယ်ချင်းနှစ်ယောက် မနက်ဖြန်အလယ်တန်းကျောင်းလေးကို အတန်းပိုင်ဆရာမ သွားအပ်ပေးမယ့်ကိစ္စကို ဆွေးနွေးရင်း ငြင်းခုံနေမိသည် မိဘတွေကတော့ ဘာမှမပြော ဧကရီ သဘောသာ ဧကရီပျော်တယ်ထင်ရင် သူတို့လည်းလုပ်ပေးရှာသည်

ဆရာမ။ ။ ကဲကလေးတွေ ကိုယ်အုပ်စုမကွဲစေနဲ့ ပြီးတော့ သူများကျောင်းမှာ သွားနေရမယ်ဆိုတော့ သူများချစ်အောင် ခင်အောင် နေကြ အမြင်ကတ်အောင်ဘာမှသွားမလုပ်နဲ့ တစ်ခုခုဖြစ်ရင် အတန်းပိုင်ဆရာမရှိတယ် သွားပြောလိုက် ကိုယ်စိတ်ထင်ရာဘာမှမလုပ်ရဘူးနော် ကြားလာကလေးတွေ
တပည့်။ ။ ဟုတ်ကဲ့ဆရာမကြီး
ဧကရီတို့ဆရာမက သူများကျောင်းမှာသွားနေရမှာမို့ မှာစရာရှိဒါကိုသေချာမှာနေသည် အခုမှ ကျောင်းသစ်ကို ပြောင်းရမှာဆိုတော့ ဧကရီတို့ အတွက်နဲနဲတော့စိမ်းနေပေလိမ့်မည် ပြီးတော့ ဧကရီတို့အတွက်နဲ့ ဆရာမကြီးကို မျက်နှာမပျက်စေချင်ပါ ကိုယ့်မူလတန်းကျောင်းလေးက စိတ်ဓာတ်၊ စည်းကမ်း အရ နာမည်ကြီး တဲ့အကြောင်း သူများသိအောင်ပြရမည်မဟုတ်ပါလား၊ ဒါကြောင့် ဆရာမကလည်းသူ့ကျေင်းကို နာမည်ဆိုး မထွက်စေချင်လို့ သေချာမှာနေရှာသည် ဧကရီတို့အဖွဲ့ က ကောင်လေး (၃)ယောက် ဧကရီတို့ ကောင်မလေးတွေက (၆)ယောက်ရှိသည် ကျောင်းကားကြီးရောက်လာတော့ ဆရာမကြီးနဲ့အတူ ဧကရီ ရှေ့ခန်းမှာသွားထိုင်ရတယ် သူငယ်ချင်းတွေကတော့ အနောက်ခန်းမှာ ဆူညံပွက်လောရိုက်နေဒါပေါ့ ဧကရီကတော့ သူတို့အသံကိုနားထောင်ရင်းနဲ့ပဲ ကျေနပ်နေရတယ်

ကျောင်းရောက်တော့ အ.လ.က (၅) ဆိုပြီးဆိုင်းဘုတ်ကြီးက ဧကရီတို့အုပ်စုကိုဆီးကြိုနေသည် ဆရာမကြီးကတော့ ရုံးခန်းထဲဝင်သွားပြီး အ.လ.က (၅)ကျောင်းအုပ် ဆရာမကြီးဆီမှာ ဧကရီတို့ကို ကျောင်းလိုက်အပ်ပေးသည် အဲဒီအချိန်မှာ ဧကရီတို့က ရုံးခန်းအပြင်ဘက်ကနေရပ်စောင့်နေတုန်း ကျောင်းကြီးကို ဟိုကြည့်ဒီကြည့်နဲ့ ငေးမောရင်း တစ်နေရာအရောက်တွေ ဧကရီတို့အုပ်စုကို ကွက်ကြည့် ကွက်ကြည့်နှင့် လာလာကြည့်နေတဲ့ ကောင်မလေးအဖွဲ့တဖွဲ့ ကိုတွေ့လိုက်သည် အဲဒီထဲက တစ်ယောက်တော့ ယောင်္ကျားလေးစတိုင်နှင့် စကားပြောလည်း စွာမှစွာ အင်း ခုလည်း ဧကရီတို့ကို ကြည့်ပြီး ဘာတွေ ပြောနေမှန်းမသိ.........တစ်အောင့်ကြာတော့ ဆရာမကြီးရုံးခန်းထဲကနေ ဧကရီတို့ ဆရာမထွက်လာပြီး ကျောင်းအပ်တဲ့ဖြတ်ပိုင်းလေးကို ဧကရီတို့အဖွဲ့ထဲက အစ်မကြီးတစ်ယောက်ရဲ့လက်ထဲကို အပ်၊ စာသင်ခန်းဘက်လိုက်ပြပေးပြီး ကျောင်းတက်ခေါင်းလောင်းထိုးသံကြောင့် ဆရာမကြီးက ဧကရီတို့ကို သွားတန်းဆီဖို့မှာပြီးနှုတ်ဆက်ပြန်သွားခဲ့သည်..................

အတန်းပိုင်းဆရာမက တန်းစီဖို့ခေါ်သောကြောင့် သူ့နောက်သို့ ဧကရီတို့အုပ်စုလိုက်သွားရသည် သူ့အတန်းနဲ့သူ နှစ်ယောက်တစ်တွဲဆီတန်းဆီတော့ ဧကရီနဲ့ဖြူ ကအံကိုက်ပေါ့ ဒါနဲ့ကျန်တဲ့သူငယ်ချင်းတွေက အရှေ့ဆုံးမှာတန်းဆီ ချင်တယ်ဆိုပြီး ရှေ့တိုးသွားတော့ ဧကရီတို့ကိုလိုက်ကြည့်နေတဲ့ စောစောက အုပ်စုနဲ့သွားတိုးရော ကလေးဘဘာဝ နေရာလုရင်းနဲ့ မျက်စောင်းတွေဘာတွေထိုးဒါပေါ့ အဲဒီကနေစပြီး ပြဿနာတက်တော့ဒါပါပဲ
အတန်းပိုင်ဆရာမ။ ။ ကဲအမှတ် (၁၃)အောက်ကျောင်းကနေပြောင်းလာတဲ့ကလေးတွေ လာကြစမ်းရှေ့ကို
အတန်းပိုင်းဆရာမက ခေါ်သောကြောင့် ဧကရီတို့ အုပ်စု ရှေ့ထွက်ခဲ့ရသည်
အတန်းပိုင်ဆရာမ။ ။ စောစောကဘာဖြစ်ကြဒါလည်း ကိုယ့်အပြစ်ကိုသိတယ်နော် နောက်ဘယ်တော့မှ အဲလိုမလုပ်နဲ့ ကြားတယ်နော် ညီမတွေလို ချစ်ချစ်ခင်ခင်နေ ဆိုပြီး ဧကရီတို့ကို ဆုံးမစကားပြောပြီး ကြိမ်ဒဏ်နဲ့ဆုံးမဖို့ လုပ်တော့ ဧကရီတို့ အင်္ဂလိပ်စာသင်ပေးသော ဆရာမလေးက
ဆရာမလေး။ ။ နေအုံး ဆရာမ ခုနကအုပ်စုထဲမှာ ဒီကလေးမလေးမပါဘူး သမီးသွားထိုင်လို့ရပြီ
ဆိုပြီး ဧကရီကို ကိုယ့်နေရာကိုယ် သွားထိုင်ခိုင်းသည်
အတန်းပိုင်။ ။ ကဲကလေးတို့ ဒီနေ့တော့ မင်းတို့ကို တစ်ယောက်တစ်ချက်စီပဲရိုက်မယ် နောက်ထပ် ဖြစ်ရင်တော့ မလွယ်ဘူးမှတ် ဒီထက်နာမယ်
ဆိုပြီး ရန်ဖြစ်တဲ့အဖွဲ့ကို ကြိမ်းမောင်းလိုက်သည် ဆရာမက ဒေါသလည်းအရမ်းထွက်နေတော့ ဧကရီတို့အုပ်စုကသူငယ်ချင်းတွေနဲ့ ရန်စတဲ့အဖွဲ့ကို ကြိမ်ဒဏ်တစ်ယောက်တစ်ချက်စီ ပေးလိုက်သည် ထိုင်ခုံတွေပြန်လာထိုင်တော့ ဧကရီက သူတို့ကိုလည်းမမေးရဲ စောစောက သူတို့အုပ်စု အခန်းထဲထွက်သွားဒါတော့ မြင်မိတယ် လိုက်မကြည့်မိ ဒီနေ့ ဧကရီ အခန်းသန့်ရှင်းရေးလုပ်ရမယ့်ရက်မို့ ကိုယ့်အတန်းထဲမှာ တံမြက်စည်းလှဲနေဒါကြောင့်လည်းပါသည် သန့်ရှင်းရေးလုပ်ရင် ဧကရီနဲ့ ဖြူ နှစ်ယောက်ပဲလုပ်သည် ကျန်တဲ့သူငယ်ချင်းတွေကတော့လှည့်မကြည့် ဧကရီတို့ နှစ်ယောက်ကို လွတ်ထားပြီးသူတို့ကတော့ဈေးထဲသွားလည်ချင်လည်နေတတ်သည် ကျောင်းနဲ့ဈေးနဲ့ နီးတော့ လည်း ဧကရီတောင် သန့်ရှင်းရေးမလုပ်ရတဲ့နေ့ဆို သူတို့နဲ့လိုက်သွားတတ်တယ် အခုလည်းဖြစ်ချင်တော့ ဧကရီက တံမြက်စည်းလှဲ ဖြူက သောက်ရေအိုးရေဖြည့်ဖို့ အတန်းထဲထွက်သွားစဉ် ပြဿနာဖြစ်ခဲ့သည် ရန်ဖြစ်တဲ့ထဲ တွေ ဖြူပါ ပါသွားရဒါပေါ့ သူ့အစ်မကို ဟိုကဆံပင်ဆွဲလိုက်တယ်ဆိုပြီး သူပါရောပြီး ရန်ထဖြစ်ရောတဲ့
အတန်းပိုင်။ ။ လူကြားလို့မှမကောင်းဘူး မိန်းကလေးတွေဖြစ်ပြီး နပန်းလုံးရတယ်လို့ နင်တို့တွေက ဈေးထဲက ငါးစိမ်းသည်တွေလား သားစိမ်းသည်တွေလား ပြောစမ်း ရုပ်လေးတွေက သနားကမားနဲ့ အဲလို မိုက်ရိုင်းရသလား နောက်အဲလိုလုပ်ရဲလုပ်ကြည့် နင်တို့ကို အခန်းပြင်ဘက်ကမှာ တစ်နေကုန် ဒူးထောက်ခိုင်းထားမယ်
ဆရာမပြောမှ ဧကရီလည်းသိတော့တယ် သူငယ်ချင်းတွေက သူတို့မတည့်တဲ့အုပ်စုနဲ့ စကားတွေစောင်းပြောရင်းနဲ့ နပန်းထလုံးကြတယ်ဆိုဒါကိုပေါ့ ဘာဖြစ်ဖြစ်ပါ အဲလိုမတည့်ကြတဲ့လူတွေက တစ်ယောက်အကြောင်းတစ်ယောက်ပိုနားလည်လာအောင် ဆရာမက ဧကရီတို့အဖွဲ့နဲ့ မတည့်တဲ့အဖွဲ့ကို စာသင်ခန်းထဲတွေ တစ်ခုံတည်း တွဲထိုင်ခိုင်းသည် ဘာဖြစ်ဖြစ်ဆရာမလုပ်တဲ့နည်းတော့ မှန်သွားဒါပေါ့ ဧကရီတို့ အုပ်စုကနောက်ပိုင်းမှာတော့ မတည့်တဲ့အုပ်စုနဲ့ အရမ်းခင်သွားကြတယ်လေ ...........

ကျောင်းစတက်ခဲ့စဉ်ကတော့ ဧကရီကသူငယ်ချင်းတွေနဲ့ တူတူလိုက်ဖြစ်တယ် ဒါပေမယ့် နေမကောင်းတဲ့ရက်တွေကများနေတော့ ကျောင်းကားနဲ့မလိုက်ဖြစ်လို့ သူတို့လည်း နောက်ပိုင်းမှာ လိုင်းကားနဲ့ပဲ ကျောင်းသွားတယ် ကျောင်းကားကလူမပြည့်တော့ မကိုက်ဘူး ပြီးတော့ အချိန်မမှန်ဒါကြောင့် ဖယ်ရီကားကိုမငှားတော့ပဲ ကိုယ့်ဟာကို လိုင်းကားနဲ့သွားတယ် ကားဂိတ်ကနေ ကျောင်းကိုသွားရင် တောင်ကုန်းတစ်ခုတက်ရတယ် အဲဒီကုန်းကနဲနဲမတ်တယ် ကျောင်းလည်းရောက်ရော လူကမောဟိုက်နေဒါ ဧကရီကိုတော့ ဖြူက လက်စွဲပြီး အမြဲတက်တယ် သူ့ကြောင့်လည်း ဧကရီက အဲဒီတောင်ကုန်းလေး ကိုတက်နိုင်ခဲ့ဒါပါ တစ်ရက်တော့ ကျောင်းဆင်းတဲ့အချိန်ပေါ့ ခါတိုင်းဆို အနောက်ပေါက်မနေပဲ ကားဂိတ်ကိုသွားတယ်လေ ဒီနေ့တော့ သူငယ်ချင်းရဲ့ အဘိုးကားက လမ်းကြုံတယ်ဆိုပြီး ဧကရီတို့ အဖွဲ့ကိုလာကြိုမယ်တဲ့ ဒါကြောင့်ကျောင်းရဲ့ အရှေ့ပေါက်ကနေ ထွက်ရမှာဆိုတော့ ဖြူနဲ့ လက်ချင်း ချိတ်ပြီးတော့ ကျောင်းဝင်းထဲက ထွက်လာစဉ် ကောင်လေးတစ်ယောက် ပြေးလွားရင်းနဲ့ ဧကရီတို့နှစ်ယောက်ကိုလာတိုက်သွားတယ် ဖြူ နဲ့ဧကရီလည်းမှောက်လျက်လှဲကျသွားတော့ ထမင်းချိုင့်လေးတောင် လွင့်စင်သွားတယ်လေ ဘယ်လောက်အရှိန်ပြင်းသလဲဆိုတော့ သူကတော့ တိုက်ချပြီး ပြေးထွက်သွားလိုက်ဒါ အရိပ်အယောင်တောင်ရှာမတွေ့ဘူး ကားပေါ်ရောက်နှင့်နေပြီဖြစ်တဲ့သူငယ်ချင်းတွေကတော့ အော်ပြီးဆဲတယ် အဲဒီကောင်လေးကို ဖြူနဲ့ဧကရီတော့ နာလွန်းလို့ ဘာမှတောင်မပြောနိုင်ဘူး အသက်တောင်ထွက်သွားမလားအောင့်မေ့ရတယ် မှောက်လျက်လေးလှဲကျသွားတယ်ဆိုတော့ ရုတ်တရက်ပြန်မထနိုင် ထဖို့အားယူတော့ ... ဗိုက် ဟုတ်တယ် ဧကရီရဲ့ဗိုက် ဘာဖြစ်သွားလည်းမသိ အောင့်ပြီး စကားတောင်ပြောလို့မရတော့ဘူး အသက်လည်းရှုလို့မရတော့သလိုမျိုးခံစားရသည် အဲဒါနဲ့ ကားပေါ်ကနေ အဘိုးကပြေးလာပြီး ဧကရီကိုထူပေးတယ် ခဏလေးရပ်နေပြီးမှ အသက်ဝအောင်ပြန်ရှုပြီး လှမ်းလျှောက်ကြည့်သည် ဖြူလည်းဘာမှမလုပ်နိုင်တော့ဘူး နာလွန်းလို့နေမှာ သူလည်း မျက်နှာကြီးရဲတက်လာပြီး မျက်ရည်တွေစို့လာတယ် တံတောင်ဆစ်နဲ့ဒူးခေါင်းဗြဲသွားဒါ ဧကရီကတော့ လမ်းဘေးက ဘလက်ဖောင်းနဲ့ ခေါင်းနဲ့ မရိုက်မိဒါ ကံကောင်းတယ်လို့ပြောလို့ရတယ် ဒါမေမယ့် ဧကရီလဲကျသွားတဲ့နေရာက လမ်းခင်း ကျောက်တုံး ကြီးရှိနေတယ်လေ မှောက်လဲတော့ ဗိုက်ကိုသွားရိုက်မိသလိုဖြစ်သွားဒါပေါ့ ကျန်တဲ့သူငယ်ချင်းတွေကတော့ ကားပေါ်မှာ ဟိုကောင်လေးကို မေတ္တာပို့ပေးနေလို့ လာထူဖို့သတိမရကြဘူး နောက်မှ သတိရပြီး ဧကရီတို့ထမင်းချိုင့်ကိုလိုက်ကောက်ပေးတယ် ဧကရီနဲ့ဖြူကလည်း ကားပေါ်မှာ မျက်နှာ ရှုံ့မဲ့ ရှုံ့မဲ့နဲ့ အိမ်ရောက်တဲ့အထိ ဘာစကားမှမပြောနိုင်...........
မေမေ။ ။ သမီးဘာဖြစ်လာဒါလဲအ၀တ်တွေလည်းပေလို့ပါလား ဒူးတွေလည်းသွေးတွေနဲ့ ပြစမ်း ချော်လဲလာဒါလား
ဧကရီ။ ။ ဟုတ်တယ်မေမေ သမီးကို ကောင်လေးတစ်ယောက်ကလာတိုက်သွားလို့ ခုလိုဖြစ်သွားဒါပဲ
ပြောပြောဆိုဆို မေမေဆီပြေးဖက်ပြီး အားပါးတရငိုတော့သည် ခုနက သူငယ်ချင်းတွေရှေ့လည်းဖြစ် ရှက်လည်းရှက်ဒါကြောင့် နာပေမယ့်လည်း ကြိတ်မှိတ်ပြီး အောင့်နေလိုက်မိသည် အိမ်ရောက်တော့ ဟန်မဆောင်နိုင်တော့ အရမ်းနာတဲ့အတွက်လည်းပါဒါပေါ့ မေမေကဆေးထည့်ပေးပြီး တော့ ဧကရီကို နားခိုင်းသည် အိပ်ယာထဲလှဲနေရင်း ဘယ်ချိန်အိပ်ပျော်သွားမှန်းမသိ မိုးလင်းလာတော့ နှိုးထဖို့ကြိုးစားရင် ခြေထောက်တွေလှုပ်မရလောက်အောင် လေးလံနေသည်
မေမေ။ ။ သမီးနှိုးပြီလာ ဘယ်လိုလည်းသက်သာလား အနာက
ဧကရီမိုး။ ။ မေမေ သမီးခြေထောက်တွေအရမ်းကိုလေးနေတယ် ဘာဖြစ်နေလဲမသိဘူး မေမေကြည့်အုံး
မေမေကဧကရီ ရဲ့ခြေထောက်ကိုကြည့်ရင်း
မေမေ။ ။ဘုရားရေ............. သမီးခြေထောက်က ဖားပြုတ်ကြီးလိုဖြစ်နေပါလား ယောင်ကိုင်းနေဒါပဲ ဖေကြီးရေ ဟော်ဒီမှာလာကြည့်ပါအုံး သမီးခြေထောက်လေ မနေ့ကကျောင်းမှာချော်လဲတော့ ဘာဖြစ်သွားမှန်းလဲမသိဘူး ဆေးခန်းသွားပြရအောင်
ဖေဖေ။ ။ အင်း ဟုတ်သားပဲ ခြေထောက်တွေတောင်အရမ်းယောင်နေတယ် မေကြီးသေချာကြည့်စမ်း သမီးမျက်နှာလည်း အမ်းအမ်းကြီးဖြစ်မနေဘူးလာ ယောင်နေဒါ
မေမေ။ ။ ဟုတ်သားပဲ တစ်ကိုယ်လုံးကိုယောင်နေပါပေါ့လား............
ဒေါက်တာ။ ။ အစ်မကြီးနဲ့အစ်ကိုကြီး သမီးက ဓာတ်မှန်ရိုက်ကြည့်ရမယ် Ultrasound ရိုက်ရမယ် အဲဒါမှသိမှာ အထဲမှာဘာဖြစ်နေလဲဆိုဒါကို ခုတော့ ဆေးသောက်ထားလိုက်အုံး ပြီးတော့ ခဏလောက်တော့ စောင့်ကြည့်မယ် ဆေးသောက်လို့မှ ယောင်ဒါကျမသွားဘူးဆိုရင်တော့ သေချာတယ် မန္တလေးမှာသွားစစ်ကြည့်ရမယ် ကျွန်တော်ထင်ဒါက အထဲကပေလုံးကို သွားထိမိသလားလို့တစ်ကယ်လို့ဆေးသောက်လို့ပျောက်ရင်တော့ ပေလုံးကိုထိဒါမဟုတ်ပဲ ရိုးရိုးအကြောထိမိလို့ယောင်ဒါပါ စိတ်လည်းသိပ်မပူပါနဲ့ကောင်းသွားမှာပါ သမီးကလိမ်မာတယ်ဆိုတော့ နော်သမီး
ဒေါက်တာကတော့ ဖေကြီးနဲ့မေကြီးကို ရှင်းပြပြီး အားပေးစကားပြောနေသည် ပြီးတော့ ဧကရီခေါင်းကိုလာပုတ်ပြီး လိမ်မာတယ် လို့ပြောပြီး ပြုံးပြရင်းဆေးသောက်ဖို့မှာကြားပါတယ်...............

ဘာဖြစ်ဖြစ်လမ်းတော့လျှောက်လို့ရသေးဒါကြောင့် ကျောင်းလည်း မပျက်ချင်ဒါနဲ့ ကျောင်းသွားလိုက်သည် ကျောင်းရောက်တော့ အားလုံးက၀ိုင်းမေးဒါပေါ့ ဘာဖြစ်ဒါလဲ ယောင်နေပါလားပေါ့ အင်းငါက၀လာတယ်လေ မသိဘူးလာ ထမင်းတွေအများကြီးစားပြီး ၀လာဒါ လို့ပြောရင်း သူငယ်ချင်းတွေကိုနောက်ပြောင်နေမိသည်။
တစ်ကယ်တော့ ကိုယ်ခံစားရတဲ့ဝေဒနာတွေကို ဘယ်သူများသိနိုင်မှာလဲ ကျောင်းဆင်းလာတော့ ဖေကြီးရဲ့သူငယ်ချင်းအိမ်ရှေ့မှာ ကားတွေအများကြီးပဲ ဘာလုပ်ဒါပါလိမ့်လို့လှမ်းကြည့်လိုက်တော့ အခေါင်းကိုလူတွေက ၀ိုင်းကြည့်ပြီး အလှဆင်နေကြသည် ဒါဘယ်သူသေဒါပါလိမ့် ကိုယ်အတွေးနဲ့ကို စဉ်းစားရင်း အိမ်ရောက်တော့ မေမေကိုပြန်ပြောပြမိတယ်
မေမေ။ ။ ဟုတ်တယ်သမီး ဟိုတစ်ခါလေ သမီးလိုပဲ သွေးအမြဲသွင်းနေတဲ့ဦးလေးလေ အခုဆုံးသွားဒါသမီး အခုသမီးရဲ့ဖေကြီးတောင် အဲဒီမှာသွားကူနေဒါ ပြန်မလာသေးဘူး ၂ နာရီ တုန်းက ဆေးရုံကဆင်းလာပြီး ဆုံးသွားဒါ
အော်...........သိပြီ အဲဒီဦးလေးကို ဧကရီ မြင်ဖူးသည် အသားကဖြူဖြူနဲ့ ပိန်ပိန်သွယ်သွယ် ခန့်ညားတဲ့ ဥပတိရုပ်နဲ့ ကြည့်လို့အရမ်းကောင်းတယ် လို့ဧကရီတောင် သူငယ်ချင်းကိုပြောပြဖူးတယ် အခုတော့ ဆုံးသွားပြီကိုး စိတ်မကောင်းမိပါ ဧကရီလည်းတစ်နေ့အဲလိုဖြစ်လာမလားမသိဘူးဆိုပြီး တွေးရင်းနဲ့ အမည်မဖော်နိုင်သော ခံစားချက်တစ်ခု ရင်ထဲကို လှိုက်တက်လာသည်

ဖေဖေ။ ။ မေကြီးရေ ဟိုတစ်ယောက်တော့ သွားရှာပြီ ငါတို့သမီးလေးကို မခွဲစိပ်ဒါကံကောင်းတယ် သူတို့က တရုတ်ပြည်မှာသွားခွဲသာတဲ့ ပြန်လာဒါ တစ်လလောက်ပဲရှိသေးတယ် သွားဒါပဲ သွေးသွင်းလည်း မရတော့ဘူး လက်မခံဘူးလို့ပြောတယ် ခွဲစိပ်ပြီးမှ အခြေနေပိုဆိုးလာကုန်ဒါတဲ့ ခွဲထားတဲ့ဒဏ်လဲရှိနေတော့ ခံနိုင်ရည် မရှိ တော့လို့နေမှာ ဆေးရုံက အောက်ဆီဂျင်တွေပေးရတယ်တဲ့ အခြေနေ မကောင်းတော့ဒါနဲ့ဒေါက်တာလည်း အသက်ကယ်ဆေး ထိုးပြီး ဆေးရုံ ဆင်းခိုင်းလိုက်တယ် အိမ်မှာပဲ သူ့ကိုအေးအေးဆေးဆေးနားပါစေတော့တဲ့ အိမ်ရောက်တော့ သူအရမ်းကို အမောဖောက်နေပြီလေ ဒါနဲ့ပဲ အမျိုးတွေကိုစုံအောင်ခေါ်ရဒါပေါ့
မေမေ။ ။ အင်းလေ ဘာပြောပြောသူ့အတွက်တော့ ၀ဋ်ကျွတ်သွားဒါပေါ့ မဟုတ်ရင် အဲဒီရောဂါကို ကြိတ်မှိတ်ခံစားနေရရှာဒါ သနားပါတယ်. မေမေကပြောသာပြောသည် ဧကရီကိုလည်း စိုးရိမ်အကြည့်နဲ့ လှမ်းကြည့်ရင်း စိတ်မကောင်းတဲ့မျက်နှာနဲ့ဖေကြီးကို ပြောနေရှာသည်။ ဧကရီရဲ့ မေမေကိုလည်း အရမ်းသနားတယ် အခုကိုယ်လည်း အဲဒီဝေဒနာကိုခံစားနေရတယ်ဆိုတော့ ဘာဖြစ်ဖြစ် မိဘတွေလည်း စိတ်ဆင်းရဲ ရဒါပေါ့ ကိုယ့်အတွက်နဲ့ ....

လူဆိုဒါလည်း အစစအရာရာပြီးပြည့်စုံတယ်ဆိုပေမယ့် ကျန်းမာရေးမကောင်းတော့လည်း ဘယ်အရာမှ မကယ်နိုင်သလို ကံကိုရိုးမယ်ဖွဲ့ပြီး အပြစ်ပုံချလို့လည်းမရ လောကထဲကို မွေးဖွားဖို့ ဖန်လာကတည်းက တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သေဆုံးခြင်းလမ်းကိုသွားရမှာပါပဲလေ ရလာတဲ့ဘ၀ကို အကောင်းဆုံးရှင်သန်ခြင်း နဲ့ပဲအဆုံးသတ်ချင်ကြဒါချည်းပါပဲ ဘာဖြစ်ဖြစ် ကောင်းကောင်းမွန်မွန်ပဲ နေသွားချင်ကြဒါချည်းပဲပေါ့ ဒါလည်း လူတွေရဲ့အတ္တစိတ် လောဘစိတ်ပဲမဟုတ်လား ကိုယ်လျှောက်လှမ်းရတဲ့ခရီးမှာ အေးအေးချမ်းချမ်းလေးနဲ့ ဖြတ်သန်းသွားချင်တဲ့ဆန္ဒလေးတော့ရှိကြသာပေါ့ ဧကရီတို့လို ကျမ်းမာရေးမကောင်းတဲ့လူတွေအတွက်တော့ ကိုယ့်ရဲ့ကံကို ကိုယ်တိုင်ဖန်တီးယူပိုင်ခွင့်မှမရှိဒါ ရှိလည်း ပုံမှန်ရှင်သန်နေတဲ့လူတွေထက်တော့ ခက်ခဲပါတယ်...

ဒါကြေင့်လည်း စိတ္တဇဆန်လွန်းတဲ့ လောကကြီးထဲမှာ အလည်ရောက်လာတဲ့ ဧကရီတို့လို ခရီးသည်တစ်ဦးဟာ ဖြစ်လာတဲ့ ပျက်စီးခြင်း လောကဓံ တရားကိုလည်းမလွန်ဆန်နိုင်ပါဘူး ကံကြမ္မာကိုလောင်းကြေးထပ်ပြီး အသက်ရှင်သန်အောင် မနဲကြိုးစားအားထုတ်ယူနေရတဲ့အချိန်မှာ သာမန်လူတွေထက်ပိုပြီး ပင်ပန်းလွန်းပါတယ် အမင်္ဂလာသတင်းဆိုးကြီးကို ကြားလိုက်မြင်လိုက်ရတဲ့ ဧကရီလည်း ဒီနေ့အတွက်တော့ ၀မ်းနည်းခြင်းများစွာနဲ့ ဖြတ်သန်းကုန်လွန်ရအုံးမယ် မနက်ဖြန်အတွက် မျှော်လင့်ခြင်းရောင်ခြည်လည်း ရေးရေးလေးသာ မြင်ရတော့သည်.................

 
  MySpace Codes
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Welcome to everybody in JESUS NAME

http://ifile.it/j1r3k28
  အလည်လာကြည်ကြသောနိုင်ငံများ
  ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
  ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 2 visitors (12 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free