MySpace Graphics
MySpace Graphics


Kachinlay  
 
  အိပ်ရေးမဝပါက သွေးတိုးရောဂါရစေနိုင် 04/26/2025 10:36am (UTC)
   
 
         အိပ်ရေးမဝပါက သွေးတိုးရောဂါရစေနိုင်

အိပ်ရေးဝအောင် မအိပ်စက်ရခြင်းသည် သွေးတိုးမှု ဖြစ်ပေါ်စေရန် ပိုမိုတွန်းအားပေးကြောင်း သုတေသီများက ပြောကြားလိုက်သည်။ အမေရိကန်နိုင်ငံ၊ ချီကာဂိုရှိ Kristen L. Knutsonတက္ကသိုလ်မှ ပညာရှင်များသည် အရွယ်ရောက်ပြီး လူပုဂ္ဂိုလ် (၅၇၈)ဦး၏ နေထိုင်ပြုမူပုံ အလေ့အထများကို (၅)နှစ်ကြာမျှ လေ့လာပြီး ယခုတွေ့ရှိချက်အား ကြေညာခဲ့ခြင်းဖြစ်သည်။ ဆရာဝန်များ၏ အဆိုအရ ထိုအခြေအနေသည် အသက်အရွယ် အမျိုးမျိုးအတွက် အကျုံးဝင်သော်လည်း အသက်(၄၀)၀န်းကျင် လူလတ်ပိုင်းများတွင် ပိုမိုအဖြစ်များကြောင်း သိရသည်။ ၎င်းတို့သည် ပုံမှန်ရှိသင့်သည်ထက် အအိပ်အနေနည်းပါက သွေးတိုးမှု ဖြစ်ပေါ်လာသည်မှာ အလွန်သိသာ ထင်ရှားလေ့ရှိကြောင်း ပညာရှင်များက ပြောကြားခဲ့ကြသည်။ ၎င်းတို့လေ့လာခဲ့သူများအနက် အိပ်ချိန်မမှန်သော သူများသည် သာမန်ထက် (၃၇)ရာခိုင်နှုန်းမျှ သွေးတိုးနိုင်ခြေ မြင့်တက်နေသည်ကို ဆရာဝန်များက တွေ့ရှိခဲ့ပြီး အဆိုပါလေ့လာတွေ့ရှိမှု အသေးစိတ် အချက်အလက်များကို Achieves of International Medicine စာစောင်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ပညာရှင်များက လူများစုအတွက် သင့်တော်သော အိပ်ချိန်ပမာဏမှာ တစ်နေ့လျင် (၆)နာရီမျှ ရှိသင့်ပြီး အချို့မှာမူ အိပ်ချိန်(၈)နာရီအထိ လိုအပ်ကြောင်း ရှင်းပြခဲ့ကြသည်။ “လူတစ်ယောက်ချင်းစီရဲ့ အိပ်ချိန်တွေကို လေ့လာကြည့်ပြီးတော့ သွေးဖိအား တိုးမြင့်လာမှုတွေကို စနစ်တကျ တိုင်းတာခဲ့ပါတယ်။ အိပ်ရေး၀၀ အိပ်စက်ခြင်းဟာ သွေးတိုးမှုကို အကာအကွယ် ပေးနိုင်တယ်ဆိုတာ အတည်ပြုနိုင်တဲ့ အနေအထား ရှိနေပါပြီ”ဟု Knutsonတက္ကသိုလ်မှ သုတေသီအဖွဲ့က မှတ်တမ်းတင် ရေးသားထားသည်။ ၎င်းတို့၏ အဆိုအရ အိပ်ရေးပျက်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ စိတ်ဖိစီးမှု များပြားစေသော ဟိုမုန်းများကို လှုံ့ဆော်ပေးပြီး ထိုဟိုမုန်းများသည် သွေးဖိအား တိုးမြင့်လာမှုကို အားပေးတတ်ကြောင်း သိရှိရသည်။ ထို့အပြင် သုတေသီများက လူမည်းများသည် လူဖြူများထက် သွေးတိုးနိုင်ခြေ ပိုမိုများပြားသဖြင့် ယေဘူယျအိပ်ချိန်မှာလည်း လူဖြူများထက် ပိုမိုများပြားရန် လိုအပ်ကြောင်း ပြောကြားခဲ့သေးသည်။ စစ်တမ်းများကမ ကမ္ဘာတ၀ှမ်းရှိ လူဦးရေ(၇)သန်းခန့်မှာ သွေးတိုးရောဂါကြောင့် နှစ်စဉ်သေဆုံးနေကြောင်း ဖော်ပြထားသည်။

 
  MySpace Codes
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Welcome to everybody in JESUS NAME

http://ifile.it/j1r3k28
  အလည်လာကြည်ကြသောနိုင်ငံများ
  ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
  ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 48 visitors (74 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free