MySpace Graphics
MySpace Graphics


Kachinlay  
 
  အဆိပ်အတောက်ဘက်တီးရီးယားတို့ကို ဖယ်ရှာ&# 06/15/2025 2:01am (UTC)
   
 
                  အဆိပ်အတောက်ဘက်တီးရီးယားတို့ကို ဖယ်ရှားနိုင်မည့် နည်းလမ်းသစ်

လူ့သွေးထဲတွင် တည်ရှိနေသော အဆိပ်အတောက်ဖြစ်စေသည့် ဘက်တီးရီးယားများနှင့် အခြားမလိုလားအပ်သည့် ဓာတ်သတ္တုများကို သံလိုက်ကိရိယာတစ်မျိုးဖြင့် ဖယ်ရှားနိုင်ရန် ပညာရှင်များက ကြံစည်နေကြပြီး ထိုကုသမှုနည်းစနစ်သည် သွေးအတွင်းမှ အဆိပ်အတောက်များကို ဖယ်ထုတ်ပစ်သည့် စံပြကုထုံးသစ်တစ်ခုအဖြစ် မှတ်တမ်းတင်ခံရရန် နီးစပ်နေကြောင်း သိရသည်။ သွေးကို ညစ်ညမ်းအဆိပ်သင့်စေသည့် ပိုးမွှားများကို စုပ်ယူထားသော သွေးအတွင်းမှ သံလိုက်စွမ်းအင်ဖြင့် ဖယ်ရှားပစ်ပြီး သန့်စင်သောသွေးကိုသာ သွေးလှည့်အဖွဲ့အစည်းအတွင်း ပြန်လည်ပို့ဆောင်ပေးရန် ဆရာဝန်များက တီထွင်ကြံဆနေကြသည်။ နာရီအနည်းငယ်ကြာသော အဆိုပါကုသမှုကို စမ်းသပ်ကြည့်ခဲ့သည့် ရလဒ်များအရ လူတစ်ဦး၏ သွေးကြော်များအတွင်းမှ ညစ်ညမ်းဘက်တီးရီးယား (၈၀)ရာခိုင်နှုန်းကို ဖယ်ရှားနိုင်ခဲ့ကြောင်း အမေရိကန်နိုင်ငံ၊ ဘော်စတွန်မြို့ ကလေးဆေးရုံမှ သုတေသီများက လေ့လာတွေ့ရှိခဲ့ကြသည်။ သို့သော်လည်း ၎င်းတို့အနေနှင့် ထိုကုထုံးကို စတင်ကျင့်သုံးဦးမည်မဟုတ်ဘဲ ဆက်လက်သုတေသန ပြုသွားဦးမည်ဟု သိရှိရသည်။ သို့သော်လည်း အဆိုပါသံလိုက်ကုထုံး နည်းစနစ်အား တစ်နှစ်လျင် သွေးအဆိပ်သင့်မှုကြောင့် လူ(၃၀၀၀၀)ခန့်သေဆုံးလေ့ရှိသည့် ဗြိတိန်နိုင်ငံကလည်း အလွန်စိတ်ဝင်စားနေသည်။ ထိုသံလိုက်စနစ်ကို သွေးကြောများအတွင်းမှ ရောဂါပိုးများသာမက အရေပြား၊ နား၊ အဆုတ်နှင့် ဆီးလမ်းကြောင်းများမှ အဆိပ်သင့် ဓာတုအညစ်အကြေးများကို ဖယ်ရှားပစ်နိုင်မည်ဟု ဆရာဝန်များက ယုံကြည်နေကြသည်။ ဘော်စတွန် သုတေသနအဖွဲ့တွင် ပါဝင်သည့် ဒေါက်တာဒွန်အင်းဘားက ယခုစနစ်သည် သွေးအဆိပ်သင့်ခြင်းကို ခံစားရသည့် ကလေးများရော၊ လူကြီးများအတွက်ပါ အလွန်ထိရောက်သော လက်နက်ဆန်းတစ်ခု ဖြစ်လာမည်ဟု သုံးသပ်ပြောဆိုခဲ့သည်။ ၎င်းတို့၏ ရလဒ်များအရ သွေးအတွင်း အညစ်အကြေးများကို ရာနှုန်းပြည့်ဖယ်ရှားနိုင်ရန် နီးစပ်လာနေပြီဟုလည်း ဒေါက်တာအင်းဘားက ထုတ်ဖော်ပြောဆိုသွားသည်။ လန်ဒန်အင်ပီရီယယ်လ် တက္ကသိုလ်မှ ဒေါက်တာဒေးဗစ်အင်ဝဲလ်ကလည်း ၎င်းတို့အနေနှင့် ထိုစနစ်ကို အလွန်စိတ်ဝင်စားနေပြီး အမေရိကန်ဆရာဝန်များနှင့် လက်တွဲသုတေသနပြုလုပ်သွားမည်ဟု အတည်ပြုပြောကြားခဲ့သည်။
 
  MySpace Codes
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Welcome to everybody in JESUS NAME

http://ifile.it/j1r3k28
  အလည်လာကြည်ကြသောနိုင်ငံများ
  ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
  ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 2 visitors (37 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free