MySpace Graphics
MySpace Graphics


Kachinlay  
 
  လူခြောက်ဦးတွင်တစ်ဦး အငတ်ဘေးကြုံနြေေ&# 04/26/2025 9:53am (UTC)
   
 
                      
လူခြောက်ဦးတွင်တစ်ဦး အငတ်ဘေးကြုံနေကြောင်း ကုလသမဂ္ဂကြေညာ

ကမ္ဘာ့ငွေကြေး ပျက်ကပ်၏ နောက်ဆက်တွဲ ရိုက်ခတ်မှုကြောင့် စီးပွားရေး ချွတ်ခြုံကျကာ အငတ်ဘေးနှင့် တွေ့ကြုံနေရသူ အရေအတွက် တစထက်တစ တိုးပွားလာနေကြောင်း ကုလသမဂ္ဂက ကြေညာလိုက်သည်။ ဇွန်လ(၁၉)ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ စစ်တမ်းတစ်စောင်အရ ကမ္ဘာပေါ်တွင် အငတ်ဘေး ကြုံနေသူ အရေအတွက်မှာ စံချိန်တင် ပမာဏအဖြစ် တစ်ဘီလျှအထိ တိုးပွားလာနေကြောင်း သိရသည်။ စစ်ဘေး၊ နိုင်ငံရေး အရှုပ်အထွေး၊ အစားအသောက် ဈေးနှုန်းများ ကြီးမြင့်မှု၊ ဆင်းရဲကြပ်တည်းမှု အပါအ၀င် ကိစ္စအများအပြားကြောင့် ငတ်မွတ်ခေါင်းပါးမှု ကြုံနေရသူဦးရေ တစထက်တစ များပြားလာကြောင်း ကုလသမဂ္ဂက ဆိုသည်။ ယခုပမာဏအရ ကမ္ဘာပေါ်တွင် လူ(၆)ဦးလျင် (၁)ဦးမှာ အငတ်ဘေးနှင့် ရင်ဆိုင်နေရသော သဘောမျိုး ဖြစ်လာကြောင်းလည်း သိရသည်။ ထို့အပြင် ယမန်နှစ်က အရေအတွက်နှင့် နှိုင်းစာပါက အငတ်ဘေး ကြုံနေသူ လူဦးရေမှာ သန်း(၁၀၀)မျှ ပိုများလာခဲ့ကြောင်း ကုလသမဂ္ဂ အစားအသောက်နှင့် စိုက်ပျိုးရေးအဖွဲ့က ပြောကြားခဲ့သည်။ ထိုအဖွဲ့က လူတစ်ဦးချင်းစီသည် တစ်နေ့စားသုံးသင့်သည့် (၁၈၀၀)ကယ်လိုရီထက် လျော့နည်းစွာ စားသောက်နေရသော အရေအတွက်သည် ထိတ်လန့်ဖွယ် များပြားလာနေကြောင်း ၀န်ခံခဲ့သည်။ အဖွဲ့၏ ဒါရိုက်တကာ ဂျက်ကွေးဒီအော့ဖ်က “ဒီပြဿနာကို ကြုံနေရတာ တစ်နေရာတည်း မဟုတ်ပါဘူး။ ကမ္ဘာ့နိုင်ငံတိုင်းလိုလို၊ ဒေသအသီးသီးမှာ ဖြစ်နေတာပါ”ဟု ပြောကြားခဲ့သည်။ ထိုဖြစ်ရပ်သည် စီးပွားရေးချွတ်ခြုံကျမှုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သော်လည်း နိုင်ငံရေးနှင့်လည်း နှီးနှောစပ်နွယ်တတ်ကြောင်း အီအော့ဖ်က ပြောဆိုသသည်။ အဖွဲ့ကြီးမှ တာဝန်ရှိသူများသည် အီတလီနိုင်ငံ ရောမမြို့တွင် အစည်းအဝေးတစ်ခု ကျင်းပပြီး အငတ်ဘေး ပြဿနာနှင့် လူထုဆန္ဒပြ အုံကြွမှုများ ဆက်နွယ်ပုံကို လေ့လာနှိုင်းယှဉ်ခဲ့သည်။ ၎င်းအဖွဲ့၏ အဆိုအရ ယမန်နှစ်အတွင်း ကမ္ဘာ့တိုင်းပြည် (၃၀)ခန့်တွင် ဆန္ဒပြမှုများ ယမန်နှစ်အတွင်းက ပေါ်ပေါက်ခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂ၏ အခြားသော ထောက်ပံ့ရေး လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့အစားအသောက်အစီအစဉ်မှ ဂျိုဆက်တီရှီးရန်ကလည်း အစားအသောက် ဈေးနှုန်းများ မြင့်တက်လာခြင်းကို ထောက်ပြခဲ့ပြီး ထိုကိစ္စသည် အဓိကရုဏ်းများကို ပိုမိုဆိုးရွားစေကြောင်း ပြောကြားခဲ့သည်။ ယမန်နှစ်အတွင်း ဟေတီတွင် ငတ်မွတ်ခေါင်းပါးမှုကြောင့် ၀န်ကြီးချုပ်ကို ဆန္ဒပြအုံကြွရာမှ လူပေါင်းများစွာ သေကြေကုန်သည်ကို ရှီးရန်က ထောက်ပြခဲ့ပြီး “ဆာလောင်နေတဲ့ ကမ္ဘာကြီးဟာ အရမ်းအန္တရာယ် များပါတယ်”ဟု ပြောကြားသွားခဲ့သည်။ ကုလသမဂ္ဂမှ ကျွမ်းကျင်သူများက (၂၀၀၉)ခုနှစ်တွင် ကမ္ဘာနှင့်အ၀ှမ်း ၀င်ငွေကျဆင်းပြီး အသုံးစရိတ်များ မြင့်တက်လာမှုကြောင့် အငတ်ဘေးနှင့်ဆိုင်သော ပြဿနာများသည် ပိုမိုဆိုးရွားလာနိုင်ကြောင်း သုံးသပ်ပြောဆိုခဲ့သည်။
 
  MySpace Codes
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Welcome to everybody in JESUS NAME

http://ifile.it/j1r3k28
  အလည်လာကြည်ကြသောနိုင်ငံများ
  ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
  ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 32 visitors (41 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free