MySpace Graphics
MySpace Graphics


Kachinlay  
 
  လူလိမ်ရဲမှတ်စု 06/15/2025 2:21am (UTC)
   
 

              လူလိမ်ရဲမှတ်စု

ကြီးကျယ်ခမ်းနားသွားအောင် ..ဘုရားသခင်နဲ့ အစချီလိုက်မယ်
ဒါပေမယ့် ဒါဟာ ငါဖန်ဆင်းထားတဲ့ ဘုရားသခင်သာဖြစ်တဲ့အကြောင်းလည်း
ကြိုပြောထားဖို့ လိုလိမ့်မယ်……ဘာလို့ဆို တချို့က သိပ်ပြီး ငြင်းရခုန်ရတာ ၀ါသနာထုံကြတယ် မဟုတ်လား…ကဲ ကြာပါတယ် စမယ်
အဲဒီနေ့က တနင်္လာ ကောင်းကင်ပြာမပြာ အရေးလုပ်မော့မကြည့်ဖြစ်ခဲ့ပေမယ့်
ဒီနေရာမှာတော့ ပြာလိုက်ကြတာပေါ့ဖြစ်တယ်ဟုတ်
ထပ်ကွန့်ရရင် တိမ်နွယ်မျှင်လေးတွေခပ်ပါးပါးနဲ့ မခို့တရို့ကောင်းကင်လို့ ထားလိုက်ရအောင်
ဖြစ်တယ်ဟုတ်နေဦး လမ်းပေါ်ရောက်လို့ အလိုလိုလျှောက်နေတဲ့အထိ
ငါ့စိတ်နဲ့ ကိုယ်က မမိဘူးဆိုတာ ဘုရားသခင်မပြောနဲ့
ငါတောင် မသိဘူးထားပါတော့ အဲဒါကတော့ ငါပြောတာ
ဘုရားသခင်ကလည်း နေရာတကာ ၀င်ပါတတ်တာမှ မဟုတ်တာ
ဒီလိုပါ အတိုချုံးပြီးပဲ ပြောလိုက်တော့မယ်
အဲဒီနေ့ကပဲ ငါ့ဘုရားသခင် ပျောက်သွားတဲ့အကြောင်းပါ
တွေ့မိကြပါသလား
ငါ့ကို အမြန်အကြောင်းပြန်ပါ ။   ။

 
  MySpace Codes
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Welcome to everybody in JESUS NAME

http://ifile.it/j1r3k28
  အလည်လာကြည်ကြသောနိုင်ငံများ
  ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
  ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 2 visitors (50 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free