|
|
|
|
|
 |
|
 |
စိတ်ရှူခင်း
အထီးကျန်နေ့ရက်တွေထဲက………ရုန်းထွက်ဖို့
ဘာကိုမှမမက်မောဘူးဆိုလဲ…..မီးအိမ်အလင်းတော့
လိုအပ်တယ် ……….တစ်ယောက်ထဲလာပြီး
တစ်ယောက်ထဲပြန်ရပေမဲ့………..မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားက
ရှင်သန်ခြင်း………အဲဒီမှာ ချစ်ခြင်းတရား
လိုအပ်တယ်…..
ဘယ်သူ့မှ မချစ်ဘူး မငြင်းပါနဲ့…………..အစွန်ဆုံးပြောမယ်
ငါမဟုတ်သော ငါကိုတော့………….ချစ်ခဲ့ကြမှာပဲလေ (မသိသေးခင်)
သူများကို ချစ်တယ်လဲမပြောပါနဲ့………..အဲဒီ ချစ်ပါတယ်ဆိုတဲ့စိတ်
ဘယ်မှာအရင် ဖြစ်တည်တာလဲ……….(စဉ်းစား) ငါမဟုတ်သော ငါရင်ထဲမှာ
သေချာစဉ်းစားရင်………….ရှင်းလေ ရှုပ်လေ
ရှုပ်လေ ထပ်ငြိလေပါပဲ………….သားအဖနဲ့ ညီအစ်မ
အမေက အမနဲ့ညားပြီး………….သားက ညီမနဲ့ ထပ်ညား
မွေးလာတဲ့ ကလေးနှစ်ယောက်……..ဘယ်လိုအမျိုးစပ်မယ်ဆိုတာထက် ခက်မယ်
မစဉ်းစားပဲ နေမယ်ဆိုတော့
အထီးကျန်ခြင်းက အားကောင်းလာပြန်တယ်
ဆေးပေးမီးယူတော့ရှိသင့်တယ် (အတွေး)
ဂျာအေး သူ့အမေရိုက်သလို
သံသရာမှာ ကျင်လည်နေသမျှ….လုံးချာလိုက်နေဦးမှာပဲ
တစ်ခုပဲ ရှိတယ်………ချစ်ခြင်းတရားမှာ ငြိမ်းချမ်းပါစေ
ဆုတောင်းရုံပေါ့ဗျာ
ခွန်းညိုသွေး
|
|
 |
|
 |
|
|
|
|
|
|
|
|