MySpace Graphics
MySpace Graphics


Kachinlay  
 
  အမြင့်မှာရပ်တည်နိုင်ဖို့ 06/15/2025 2:07am (UTC)
   
 

         "အမြင့်မှာရပ်တည်နိုင်ဖို့"

လူ့ဘဝဆိုတာ ဆီးဆော့ပေါ် လမ်းလျှောက်နေတာနဲ့ တူတယ်။

အမြဲပဲ နိမ့်ရာကနေ မြင့်ရာကို စလျှောက်ရတယ်။
ခြေတစ်လှမ်း လှမ်းတိုင်း နောက်တစ်လှမ်းဟာ အရင်တစ်လှမ်းထက် ပိုခက်ခဲနေတတ်တယ်။

အမြင့်ကိုရောက်လေ တည်ငြိမ်ဖို့ ခက်လေဖြစ်တယ်။

သင့်ကိုယ်သင် အမြင့်ကို ရောက်နေပြီလို့ ထင်တဲ့အချိန်ဟာ
ကုန်းအဆင်းကို သင် စဆင်းနေပြီဖြစ်တယ်။

ဒါကြောင့် သင်ရောက်ချင်တဲ့ အမြင့်မှာ ဘယ်တော့မှ
သင် အမြဲမရပ်နိုင်ဘူးဆိုတာကို သင်သတိပြုမိလိမ့်မယ်။

တည်ငြိမ်မှတ်ကို သင်ရှာမတွေ့မချင်း အမြင့်မှာ ရပ်နိုင်ဖို့ဆိုတာ
ဘယ်လောက်ခက်ခဲကြောင်း
သင်အကြိမ်ကြိမ် တွေဝေပြီးမှ သတိပြုမိလိမ့်မယ်။

ဘဝရဲ့ တည်ငြိမ်မှတ်ကို ရှာတွေ့မှ အဲဒီနေရာသာလျှင် အမြင့်ဆုံးဆိုတာကို
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သင်ခံစားမိလိမ့်မယ်။

အဲဒီလို အမြင့်ဆုံးမှာ ရပ်နိုင်ဖို့ သင့်မှာ တစ်ခြားနည်းတစ်ခု ရှိသေးတယ်။
အဲတာကတော့ ဆီးဆော့ရဲ့တစ်ဖက်မှာ သင့်ကို တောင့်ခံ(အားပေး) တဲ့လူ ရှိဖို့ပဲ…
အဲဒီလူတွေက သင့်မိသားစု၊ သင့်ချစ်သူ ဒါမှမဟုတ်
သင့်ရဲ့ ပြိုင်ဖက်လဲဖြစ်နိုင်တယ်။

 
  MySpace Codes
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Welcome to everybody in JESUS NAME

http://ifile.it/j1r3k28
  အလည်လာကြည်ကြသောနိုင်ငံများ
  ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
  ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 2 visitors (41 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free