MySpace Graphics
MySpace Graphics


Kachinlay  
 
  မိုဘိုင်းလ်ဖုန်းကို အသုံးပြု၍ အင်တာနက် 06/15/2025 2:14am (UTC)
   
 

မိုဘိုင်းလ်ဖုန်းကို အသုံးပြု၍ အင်တာနက် ၀က်ဆိုက်များပေါ်သို့ တက်ရောက်ကြည့်ရှုခြင်း


မိုဘိုင်းလ်ဖုန်းကို အသုံးပြု၍ အင်တာနက် ၀က်ဆိုက်များပေါ်သို့ တက်ရောက်ကြည့်ရှုခြင်း ဒီနှစ်အတွင်း သိသိသာသာ တိုးတက်လာပါသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သော အစီရင်ခံစာများအရ ယခုနှစ်တွင် မိုဘိုင်းလ်ဖုန်းကို အသုံးပြု၍ အင်တာနက် ၀က်ဆိုက်များပေါ်သို့ တက်ရောက်ကြည့်ရှုသူ အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
အမေရိကန်က ထိပ်ဆုံးတွင်နေရာယူထားပြီး Hand set သုံးစွဲသူ သန်း ၄၀ ကျော်ခန့်က အင်တာနက်ကို သုံးစွဲကြသည်။
ဗြိတိန်က ဒုတိယ နှင့် အီတလီက တတိယလိုက်ပါသည်။
အင်ဒိုနီးရှားက အနိမ့်ဆုံးဖြစ်ပြီး မိုဘိုင်းဖုန်းသုံးစွဲသူ အားလုံး၏ ၁.၁ ရာခိုင်နှုန်းသာရှိသည်။
ယခုနှစ်တွင် မိုဘိုင်းအင်တာနက်သုံးစွဲ အမြင့်ဆုံးနှုန်းရောက်ရှိခဲ့ခြင်းမှာ မိုဘိုင်းအင်တာနက်သုံးစွဲသူ များလာစေရေးအတွက် ကုမ္ပဏီများက လုံလောက်သော အခွင့်အရေးများကို အများအပြားပေးခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုပါသည်။
အမေရိကန်တွင် မိုဘိုင်းအင်တာနက်သုံးစွဲသူ ဦးရေသည် ၂၀၀၆ ခုနှစ်တွင် ၂၂.၄ သန်းရှိခဲ့ရာမှ ယခုနှစ်တွင် သန်း ၄၀ ကျော်ထိတိုးတက်လာခဲ့သည်။
မိုဘိုင်းအင်တာနက်ကို လက်ခံသုံးစွဲမှုနှင့် အတွေ့အကြုံမှာ သိသိသာသာ တိုးတက်လာခဲ့ကြောင်း နစ်ကိုဗေးနှင့် နယ်လ်ဆင် မိုဘိုင်း ကုမ္ပဏီ ဒါရိုက်တာက ပြောခဲ့သည်။
မိုဘိုင်း အင်တာနက် Web Browser များအနက် ရာဟူးနှင့် ဂူဂဲလ် Web browser များမှာ လူကြိုက်အများဆုံး ဖြစ်သည်။
ထိုအစီရင်ခံစာကပင် အင်တာနက် သုံးစွဲမှု၌ ကွန်ပျုတာနှင့် စကရင်သေးသေးမိုဘိုင်းဖုန်းတွင် ခြားနားမှုရှိကြောင်း လည်းပြောထားပါသေးသည်။
ကွန်ပျူတာအသုံးပြု၍ အင်တာနက် သုံးစွဲသူများသည် တစ်လလျှင် မတူညီသော ၀ဘ်ဆိုက်ပေါင်း ၁၀၀ ကျော်ခန့်တက်ရောက် သုံးစွဲကြပြီး၊ မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲသူများမှာ တစ်လလျှင် ၀ဘ်ဆိုက်ပေါင်း ၆.၄ ခန့်သာ တက်ရောက်ကြည့်ရှုကြကြောင်း အစီရင်ခံတင်ပြထားပါသည်။
သို့သော် iPhone ပေါ်လာသောအခါ iPhone ပိုင်သူ၏ ၈၂ ရာခိုင်နှုန်းသည် အင်တာနက်ကို သုံးစွဲကြသည်။ ၎င်းသည် သာမာန်မိုဘိုင်းဖုန်း သုံးစွဲသူများ၏ အင်တာနက် သုံးစွဲမှုထက် ၅ ဆရှိကြောင်းတွေကြရပါသည်။
ထိုကဲ့သို့ မိုဘိုင်းအင်တာနက်သုံးစွဲမှု တိုးတက်လာမှုသည် ယခုအခါတွင် စီးပွားရေးဈေးကွက်ကြီးတစ်ခုဖြစ်လာနေပါသည်။
 
  MySpace Codes
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Welcome to everybody in JESUS NAME

http://ifile.it/j1r3k28
  အလည်လာကြည်ကြသောနိုင်ငံများ
  ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
  ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 2 visitors (45 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free