MySpace Graphics
MySpace Graphics


Kachinlay  
 
  Gtalk ကနေ youtube video ကိုပြည်တွင်းကိုဒါရိုက်ပြမယ်.. 04/26/2025 6:30am (UTC)
   
 

talk ကနေ youtube video ကိုပြည်တွင်းကိုဒါရိုက်ပြမယ်..

Posted by admin under Thiha's Diary

ကျွန်တော်လဲဘလော့လုပ်ထားပြီးမရေးပဲလိုက်ပဲဖတ်နေဖြစ်တာကြာပြီဆိုတော့ ဘလော့ကိုမျက်စိလည်လမ်းမှားပြီးတစ်ခါတစ်လေရောက်လာတဲ့သူတွေ လောက်ပဲလာလာဖတ်ကြတယ်…ဟားဟား….အခုတော့မရေးတာလဲကြာပြီဆိုတော့
ပြီးတော့မြန်မာစစ်အဆိုးရ(အစိုးရမဟုတ်)က Ban ထားတဲ့ဗွီဒီယိုဟို့စတင်းဆိုက် တစ်ခုဖြစ်တဲ့ www.youtube.com ကဗွီဒီယိုတွေ
ကိုမြန်မာပြည်ကသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ Gtalk Chat window ထဲမှာပဲတစ်ခါ ထဲပြလိုက်လို့ရတဲ့ဆော့ဖ်ဝဲလေးကိုတွေ့မိလို့ပို့စ်လေးတစ်ခုလဲဖြစ်အောင်ပြန်ပြီးမျှလိုက်ပါတယ်ဗျာ…

အဲဒီဆော့ဖ်ဝဲကဂျီတော့ရဲ့ဘက်ဂရောင်းပုံတွေဘာတွေကအစ
ကိုယ့်ပုံကိုပြောင်းချင်တာပြောင်းလို့ရပါတယ်…တစ်ချို့သူတွေလက်ရှိသုံးနေတဲ့
Mytheme လိုဆော့ဖ်ဝဲမျိုးပါပဲ…ဒါပေမယ့်အဲဒီ Mytheme ကတော့ဘက်ဂရောင်းပုံ
တွေကိုကိုယ်ပြောင်းချင်တဲ့ပုံပြောင်းဖို့အတွက်အဆင်သင့်မပေးထားဘူး…
Advance level မှပဲရမယ်…လိုအပ်တဲ့ကုဒ်တွေကိုကွန်ပျူတာထဲမှာ
အဆင့်ဆင့်သွားရှာပြီးပြင်မှရတယ်ဆိုတော့သိတ်အလုပ်မဖြစ်ဘူး….

ဒါပေမယ့်အခုတော့ smileys,radio channels,TV news channel,
google video,youtube video အစရှိတဲ့ features တွေအားလုံးကို Gtalk chat window ထဲ
မှာပဲတစ်ခါထဲအသုံးပြုလို့ရအောင်တီထွင်သူကတီထွင်လိုက်ပါပြီ….
၎င်းဆော့ဖ်ဝဲမှာ winrar ဖြင့် ပြုလုပ်ထားသော .rar ဖိုင်လ်ဖြစ်၍မိမိကွန်ပျုတာမှာ
winrar ဆော့ဖ်ဝဲရှိဖို့တော့လိုအပ်ပါတယ်။
မရှိခဲ့လျှင်တော့ဒီမှာဒေါင်းလုပ်အရင်
လုပ်ဖို့လိုအပ်ပါမယ်…ပြီးလျှင်တော့
ပထမဦးစွာလိုအပ်တဲ့ Gtheme version 2.0 ဆော့ဖ်ဝဲကိုဒီမှာအရင်ဒေါင်းလုပ်လုပ်ရပါမယ်။ပြီးရင်တော့အင်စတောလုပ်ဖို့အတွက်
၎င်း Gtheme.rar ဖိုင်လ်ကိုဖြည်ရပါမယ်….ဒုတိယအဆင့်အနေနဲ့ install.exe ဆိုတဲ့ဖိုင်လ်ကို Run ရပါမယ်…
ဒါဆိုရင်တော့အင်စတောလုပ်သည့်ဖြစ်စဉ်ပြီးဆုံးပြီဖြစ်ပါတယ်။
ပြီးလျှင်တတိယအဆင့်အနေနှင့် Gtalk ရှိ chat နေသည့်ဝင်းဒိုးများအားလုံးအား
အရင်ပိတ်ရပါမယ်။ထို့နောက် Gtalk Main Winodow မှာရှိသည့် setting မှတဆင့်
appearance သို့သွားပြီးတွေ့ရသည့် Chat Theme များမှ sravi chat theme ကို
ရွေးချယ်လိုက်လျှင် gtheme version 2.0 ကိုအဆင့်ဆင့်ဆောင်ရွက်မှုပြီးဆုံးပြီးဖြစ်ပါတယ်။
Background ပုံကိုမိမိထားလိုသည့်ပုံထားနိုင်ရန်မှာ….
ှStart—>Program–>Gtheme—>change background သို့သွား၍လိုချင်သည့်ပုံကို
ရွေးချယ်လိုက်လျှင်အဆင်ပြေပြီဖြစ်ပါတယ်။

မှတ်ချက်။ ။၎င်းပုံ၏အရွယ်အစားမှာ 300 x 225 ဖြစ်လျှင်ပို၍သင့်တော်ပါသည်။

Youtube Video နှင့် google video တို့ကို chat window လေးထဲတွင်ပြချင်လျှင်
google video အား sravi:gvideo:<Google Video Link Here in This Bracket>
Utube video ဆိုလျှင် sravi:utube:<http://www.youtube.com/watch?v=P6HYimHlj4E>
ဟုမိမိပြချင်သည့်သူအား၎င်းနှင့်ချက်နေသည့်ဝင်းဒိုးလေးထဲတွင်ရေးထည့်ပေးလိုက်လျှင်
ထိုဗွီဒီယိုအားကြည့်ရမည့်သူ၏ကွန်ပျုတာတွင်လဲ Gtheme version 2.0 အင်စတောလုပ်ထား
လျှင်ကြည့်လို့ရပြီဖြစ်ပါတယ်။အထက်က youtube video link နေရာမှာ
ဥပမာထည့်ပေးထားတဲ့ဗွီဒီယို့လင့်ကတော့ Chris Brown ရဲ့ with you
ဆိုတဲ့သီချင်းဗွီဒီယိုလေးဖြစ်ပါတယ်…လင့်ကိုကွင်းစကွင်းပိတ်လဲလိုအပ်ပါတယ်….
ဒါမှအလုပ်လုပ်မှာဖြစ်ပါတယ်….
Smileys ခေါ် Emoticons များအသုံးပြုချင်လျှင်တော့
အထက်မှ Gtheme.rar file ကိုဖြည်ချချိန်တွင်ပါသော readme.txt ဖိုင်လ်အား
ဖွင့်ကြည့်လျှင်၎င်းဖိုင်လ်ထဲတွင်ရှိသမျှ Gtheme features များကိုအသုံးပြုနိုင်ရန်
လမ်းညွှန်ပြထားပါတယ်။
ပုံတွေဘာတွေတော့မဖော်ပြနိုင်တော့တာနားလည်ပေးကြပါလို့မေတ္တာရပ်ခံပါတယ်..
အဲဒီအတွက်တော့မူရင်းဝဘ်ဆိုက်မှာသွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်…
ပို့စ်အောက်ခြေအဆုံးနားတွင်မူရင်းဝဘ်ဆိုက်အား Credit ပေးဖော်ပြထားပါတယ်…

Credit = Mr Ravi Sharma
အထက်ပါပို့စ်အားMr Ravi Sharma’s weblog မှသင့်တော်သလိုကြိုးစား၍လက်တွေ့နှင့်ယှဉ်ပြီးရေးသားထားပါသည်။

Thank you so much for your Gtheme version 2.0 , Mr Ravi Sharma
ဒုက္ခအမျိုးမျိုးပေးတဲ့စစ်အစိုးရဗျာ…ပို့စ်တွေရေးပြီးမှပဲကျွန်တော်
ပြန် Share ထားတဲ့ Gtheme version 2.0 ကိုတင်ထားတဲ့ File hosting site (www.fileden.com)ကို
နအဖက Ban ထားမှန်းသိရတယ်…ဒီအတွက်တော့အဲဒီဆော့ဖ်ဝဲကိုမူရင်း
Mr Ravi Sharma ရဲ့ weblog မှာပဲသွားဒေါင်းလုပ်ဆွဲယူလိုက်ကြပါ…..ဟူးးးးးးးးးး

 

 
  MySpace Codes
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

 

Welcome to everybody in JESUS NAME

http://ifile.it/j1r3k28
  အလည်လာကြည်ကြသောနိုင်ငံများ
  ရောင်စုံငါးကလေးများကိုအစာကျွှေးရအောင်
  ချစ်စရာကောင်းတဲ့ Hamstar လေးကိုအစာကျွှေးရအောင်
Today, there have been 9 visitors (11 hits) on this page!

This website was created for free with Own-Free-Website.com. Would you also like to have your own website?
Sign up for free